ဒီနှစ် Software ရော Hardware ပါ ဒီဇိုင်းတွေပြောင်းမယ့်ပုံစံပဲ 👀
.
Apple ကနေ iPhone တွေအတွက်လာမယ့် iOS 19 မှာ အကြီးမားဆုံးပြောင်းလဲမှုတွေကို ပြုလုပ်သွားဖို့ရှိတယ်ဆိုပြီး သတင်းထွက်ပေါ်လာပါပြီ။ ယခုသတင်းကို Bloomberg Media မှ Mark Gurman ကနေ ပြောကြားခဲ့တာဖြစ်ပြီး iOS 19 အပြင် iPadOS 19 နဲ့ macOS 16 တွေမှာပါ အတူတူပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် iOS 19 ဟာ လက်ရှိ iOS နဲ့ ယှဥ်မယ်ဆိုရင် Icon ပုံစံတွေ၊ Menu ထားတဲ့ပုံစံ၊ App တွေ၊ Windows ပုံစံတွေနဲ့ System Buttons တွေအကုန်လုံးက ပုံစံအသစ်ဖြစ်သွားမှာပါ။ Apple ကတော့ အခုလိုပြောင်းလဲလိုက်တာကြောင့် Apple Device တွေ အသုံးပြုတဲ့အချိန်မှာ ပိုရိုးရှင်းလွယ်ကူသွားပြီး Device တွေပြောင်းလဲသုံးစွဲရင်လည်း Software က ပိုပြီး Consistent ဖြစ်အောင် ရည်ရွယ်ထားမှာဖြစ်ပါတယ်။
အခုပြောင်းလဲမှုတွေဟာ အဓိက Apple ရဲ့VisionOS အပေါ် အဓိကအခြေခံထားမှာဖြစ်သလို Mark Gurman ကတော့ အခု ဒီနှစ် iOS 19 နဲ့ macOS 16 တွေရဲ့ ပြောင်းလဲမှုတွေဟာ iOS 7 နဲ့ macOS Big Sur နောက်ပိုင်း အကြီးမားဆုံးပြောင်းလဲမှုတွေဖြစ်လာမယ်ဆိုပြီး မှတ်ချက်ပြုထားပါတယ်။
ဆိုတော့ Apple Intelligence အစား Design အကုန်အသစ်ပြောင်းပြီး လူတွေကို အာရုံပြောင်းဖို့ ကြံနေပုံပါပဲ 🫠
