AI Overviews အတွက် AI Modeထည့်ပေးလိုက်သည့် Google
ယနေ့တွင် Google သည် AI Overviews ကို US တွင် Gemini 2.0 ဖြင့်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။coding၊ အဆင့်မြင့်သင်္ချာ၊ နှင့် multimodal queries တို့နှင့် ပတ်သက်ပြီးခက်ခဲသောမေးခွန်းများကို ကူညီပေးမည်ဖြစ်ပြီး တိကျသောအချက်အလက် နှင့်ထိရောက်သောအဖြေများကိုရှာဖွေပေးမည်ဟုဆိုထားသည်။
အနည်းဆုံး လူတစ်ဘီလီယံကျော်က AI Overviews ကိုအသုံးပြုနေသော်လည်း"အသုံးပြုသူများ" အနေဖြင့်ရွေးချယ်ခွင့်အလွန်နည်းပါးခဲ့သည်။သတင်းကောင်းအနေနဲ့ AI Overviews သည်ယခုအခါဆယ်ကျော်သက်များနှင့်Googleအကောင့်မဝင်ရသေးသောသူများအထိ ရည်ရွယ်ထားပြီးပိုမိုလွယ်ကူစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ယခုအချိန်တွင်AI ၏ကူညီထောက်ပံ့မှုမှာလုံလောက်စွာမရှိသေးဟု Google ကထင်မြင်ပြီးစမ်းသပ်မှုတစ်ခုအဖြစ် AI Mode ကို Search Labs မှာစတင်အသုံးပြုခွင့်ပြုလိုက်ပြီပဲဖြစ်ပါသည်။
AI Overviews မှ "ပိုမိုအဆင့်မြင့်သောတိကျမှု၊ တွေးခေါ်မှုနှင့်ဘက်စုံသုံးစွမ်းရည်များ" ဖြင့်အသေးစိတ်ပြုလုပ်ပေးထားပြီးအခြေခံအားဖြင့် လတ်တလော AI hype buzzwords အားလုံးကို အကျုံးဝင်ပါသည်။
AI Mode သည် Gemini 2.0 ၏ အကောင်းဆုံး versionကိုအသုံးပြုထားပြီး လေ့လာမှု၊ နှိုင်းယှဉ်မှုနှင့် ကျိုးကြောင်းဆင်ခြင်မှုစသည်များကိုမြှင့်တင်ထားသည့်အတွက် မေးခွန်းများ၏အဖြေများကိုလက်တွေ့ကျကျအဖြေပေးနိုင်လိမ့်မည်ဖြစ်သည်။
အဓိကတိုးတက်မှုအနေနဲ့ "ယခင်က ရှာဖွေမှုများစွာထဲမှထူးထူးခြားခြားမေးခွန်းများ" အတွက်ဖြစ်ပြီးပိုမိုတိကျလိုပါက အကြိမ်ပေါင်းများစွာ ရှာဖွေမှုများနှင့်အတူအဖြေထုတ်ပေးသွားမည်ဟုဆိုထားသည်။
Web ပေါ်မှရသည့်အကြောင်းအရာနှင့်အချက်အလက်များအပေါ် အခြေခံ၍တိတိကျကျ အဖြေထုတ်နိုင်ရန်အတွက် လိုအပ်မှုများရှိလာပါကလဲနောက်စမ်းသပ်မှုအဆင့်များမှာပြင်ဆင်ပြီးဖြေရှင်းပေးနိုင်လိမ့်မည်ဟုဆိုထားသည်။
