10 ပတ် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲကို ဒီဇင်ဘာမဟုတ်ရင် ဇန်နဝါရီမှာကျင်းပမယ်
*****************
ရွေးကောက်ပွဲကို လာမယ့်နှစ်ကုန် ဒီဇင်ဘာလ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာကျင်းပမယ့်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ဒီ​နေ့ ဘီလာရုစ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘီလာရုစ် သမ္မတတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ မှာ န-စ-က ဥက္ကဌ က အခုလိုပြောဆိုလိုက်တာပါ ။

“ကျွန်တော်တို့ဟာပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာပြီးတော့ ခေတ္တတာဝန်ယူထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပသွားဖို့ရှိပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အစောဆုံးကျင်းပသွားဖို့ စီစဉ်ထားကြောင်း ပြောလိုပါတယ်”လို့ နစက ဥက္ကဌက ပြောပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ နစက ဥက္ကဋ္ဌပြောဆိုထားသလိုရွေးကောက်ပွဲဝင်မယ့်ပါတီတွေကလည်း ပြင်ဆင်မှုတွေလုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

image