Khine Su Zin shared a post  
2 yrs

2 yrs

ဘန်ကောက်တွင် ဘီယာပွဲတော် ကျင်းပမည်
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ယခုမတ်လ (၇) ရက်မှ (၉) ရက်အထိ Beer People Festival 2025 ပွဲတော် ကို (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါ ဘီယာပွဲတော်အား ဘန်ကောက် Pinklao ရှိ Chang chui Creative Park အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီးအခြား အရက်အမျိုးအစားပေါင်း (၄၀၀) ကျော်အား Cocktail များအဖြစ် ဖျော်စပ်ကာ သောက်သုံးနိုင်ကြောင်း သိရသည်။
" အရင်နှစ်တွေကကျင်းပပေမယ့် အခုနှစ်မှာ ပိုပြီးကြီးကျယ်ခမ်းနားအောင် ပြင်ဆင်ထားတယ်"ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ကော်ဖီဆိုင်နှင့် အအေးဆိုင်များလည်း ပါဝင်မည်ဖြစ်ပြီး ကော်ဖီဇုန်အား နံနက်(၁၁)နာရီ၊ ယမကာဇုန်အား မွန်းလွဲ (၂)နာရီမှ ည (၁၁)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာခရီးသွားများလာရောက်လည်ပတ်ရန် ဆွဲဆောင်ရာတွင် စိတ်ဝင်စားမှုအမြင့်တက်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်နေသည်။

#crd

image
image
image