18 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မလေးရှားနိုင်ငံ ဂျိုဟိုးနှင့် ဆလန်ဂေါပြည်နယ်တွင် အထောက်အထားမဲ့ နိုင်ငံခြားသား ၄၀၀ ကျော် ဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်တွင် ဖေဖော်ဝါရီ ၂၄ ရက်က မြန်မာအပါအဝင် နိုင်ငံခြားသား ၄၃၀ ခန့် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများနှင့် ဘင်္ဂ လားဒေ့ရှ် နိုင်ငံသားများ အများဆုံး အလုပ် လုပ်ကိုင်နေသည့် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါ ပြည်နယ်တွင် စက်ရုံ ၁၂ ရုံကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ အထောက်အထားမဲ့ နိုင်ငံခြားသား ၄၂၈ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရမှုတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဆူဒန်နိုင်ငံသားများဖြစ်ကြပြီး စက်ရုံများတွင် တရားမဝင် အလုပ်လုပ်ကိုင်စေသည့် မလေးရှားနိုင်ငံသား အလုပ်ရှင် ခြောက်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၂၂ ရက်ကလည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမဲရူးစျေးကြီးကို မလေးရှား အာဏာပိုင်များက ဝင်ရောက်စီးနင်း ရာတွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၃ဝ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

image