တရုတ်နိုင်ငံ အကူအညီနဲ့ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း ၄ ခုတည်ဆောက်မည်
တရုတ်နိုင်ငံ၏ အကူအညီနဲ့ ပြည်တွင်း၌ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း ၄ ခုတည်ဆောက်နိုင်ရန် ပြင်ဆင် နေကြောင်း သိရပါတယ်။
အဆိုပါ စီမံကိန်းတည်ဆောက်နိုင်ရန် အတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးထားကာ စီမံကိန်းများကို တရုတ်နိုင်ငံမှ တစ်ဘီလီယံနီးပါး ကူညီပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း ၄ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် အကောင်ထည်ဖော်သွားမည်ဖြစ်ကာ စုစုပေါင်း ၁၉၀ မဂ္ဂါဝပ်ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း များအဖြစ် နေပြည်တော်မှာ ၄ ခု၊ မန္တလေးတိုင်းဒေသကြီးမှာ ၃ ခု၊ ပဲခူးတိုင်းဒေသကြီးမှာတစ်ခု၊ ရှမ်းပြည်နယ်တွင် တစ်ခု စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိပြီး သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်ပေါင်းစပ် ဓာတ်အားပေး စက်ရုံစီမံကိန်းအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ တစ်ခုစီဆောင်ရွက်လျက် ရှိရာ စုစုပေါင်းတပ်ဆင်အင်အား ၄၉၆ မဂ္ဂါဝပ် ရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
