အဆင်မပြေတဲ့ရက်တွေဟာ
ပြက္ခဒိန်အပြည့်ပါပဲ
နားရက်လေးတောင်မရှိဘူး။
တနေ့တော့အဆင်ပြေမှာပါဆိုတဲ့အတွေးနဲ့ပဲ
ကိုယ့်ကိုကိုယ်အားပေးရင်း
မနက်ဖြန်တွေကိုရှေ့ဆက်နေရတယ်။
အလွယ်တကူပြိုလှဲလို့မရတဲ့ဘဝမို့
အများကြီးသန်မာရဦးမယ်
အများကြီးလည်းကြိုးစားရဦးမယ်...။