"ဇာတ်ပို့ဆိုတာကလည်း အနုပညာရှင်တွေပါပဲ။ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ပို့ ဇာတ်ရံ မပါပဲနဲ့ ပြီးမြောက်သွားတာမျိုး မရှိပါဘူး။ မင်းသား၊ မင်းသမီးတွေ မလုပ်နိုင်တာကို ဇာတ်ပို့ ဇာတ်ရံတွေက ကိုယ်စား လုပ်ပေးကြတယ်။ အဓိကဇာတ်ဆောင် ဆိုတဲ့ စိတ်မထားဘဲ ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း လေးလေးစားစား ဆက်ဆံစေချင်တယ်။ မင်းသား မင်းသမီးတွေကျ အလိုလိုက်ထားပြီး ဇာတ်ပို့ဇာတ်ရံတွေကိုကျ နှိမ်ကြတာမျိုး မလုပ်စေချင်ဘူး။" လို့ ပြောလာတဲ့ ဝါရင်း ဇာတ်ပို့ သရုပ်ဆောင်ကြီး ဦးဇော်မှိုင်းနဲ့ အေးသီတာ။
