#နိုင်ငံတကာသတင်း
◾️ကနေဒါ၌ Deltaလေကြောင်းလိုင်းလေယာဉ် ဆင်းသက်စဉ် ပျက်ကျပြီး ပက်လက်လန်သွား
ကနေဒါနိုင်ငံ၌ နှင်းမုန်တိုင်း ကျ ရောက်ပြီးနောက် လေတိုက်ခတ်မှုပြ င်းထန် နေစဉ် အ တွင်းDeltaလေကြောင်းလိုင်းမှဒေသတွင်းပြေးဆွဲသောခရီးသည်တင်လေယာဉ်တစ်စင်းတိုရန်တိုမြို့၊ပီယာဆန်လေဆိပ်သို့ဒေသစံတော်ချိန်ယမန်နေ့မွန်းလွဲပိုင်းတွင်ဆင်းသက်စဉ်ပျက်ကျကာပြေးလမ်းပေါ် ပက် လက်လန်သွားခဲ့ကြောင်းရိုက်တာသတင်းအရသိရသည်။
အဆိုပါမတော်တဆမှုကြောင့်လိုက်ပါလာသူ ၈၀ ဦး အနက် ၁၈ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း ရိုက် တာသ တင်း အရသိ ရသည်။
မင်နီယာပိုးလစ်မြို့ မှ ပျံသန်းလာသော လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူများ အ နက် က လေးတစ်ဦးအပါအဝင် လူသုံးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကာ တခြားလူ ၁၅ ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ကနေဒါ လေ ကြောင်းအရေးပေါ်ဌာန အရာရှိတစ်ဦးက ပြောကြားသည်။
ခရီးသည် ၇၆ ဦး နှင့် လေ ယာဉ် ဝန်ထမ်း လေးဦး လိုက်ပါခဲ့သော လေ ကြောင်းလိုင်းခွဲ Endeavor Air မှ CRJ900 လေယာဉ်တစ်စင်း မတော်တဆမှုဖြစ် ခဲ့ ကြောင်း အမေရိကန်ပိုင် Delta လေကြောင်း က ထုတ်ပြန်ပြောကြား သည်။
ကနေဒါနိုင်ငံ Bombardier ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ပြီး သက်တမ်း ၁၆ နှစ်ရှိပြီဖြစ်သော ယင်းလေယာဉ်သည် လူပေါင်း ၉၀ အထိ တင်ဆောင်နိုင်ကြောင်းသိရသည်။
အဆိုပါလေယာဉ်ဆင်းသက်ပြီးနောက်တွင် အတောင်ပံတစ်ဖက် မရှိတော့ကြောင်း ရုပ် သံ ဖိုင် များတွင် မြင်တွေ့ရသည်။
ထို့နောက်လေယာဉ်ပျက်ကျခဲ့ရသည့် အကြောင်းရင်းကို စုံစမ်းစစ် ဆေးသွား မည်ဖြစ် ကြောင်း က နေဒါအာဏာပိုင်များက ပြောကြားပြီး အကြောင်းရင်းကို မသိရသေးပေ။
နှင်းများအပြည့်ဖုံးနေသော ပြေးလမ်းပေါ်တွင် ပက်လက်လန်နေသော လေ ယာဉ်အား မီး သတ်ကားများက ရေဖြန်းနေသော ဗီဒီယိုဖိုင်ကို ခရီးသည်တစ်ဦးဖြစ်သူ ဂျွန် နယ် လ် ဆင် က ဖေ့စ်ဘွတ်ပေါ်တွင် တင်ထားသည်။
လေယာဉ် မဆင်းသက်မီတွင် လွဲချော်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ၎င်းက နောက် ပိုင်း တွင် စီအန်အန်ရုပ်သံအားပြောကြားသည်။
“ လေယာဉ်လည်းဆင်းရော အရင်ဆုံးဘေးတိုက်ဖြစ်သွားပြီး နောက်တော့ ကျွန်တော်တို့ စောက်ထိုးကြီး ဖြစ်နေတယ်။” ဟု နယ်လ်ဆင်က ပြောကြားသည်။
၎င်းက ခါးပတ်ကြိုးဖြုတ်လိုက်နိုင်ပြီး အောက်ကိုပြုတ်ကျသွားခဲ့ကာအခြား ခရီး သည် များ လည်း ၎င်းတို့ဘာသာ ဆင်းလာနိုင်ခဲ့သော်လည်း တချို့မှာ စောက် ထိုး ဖြစ် နေ သေး သောကြောင့် ကူညီပြီး ချပေးခဲ့ရကြောင်း ၎င်းက ဆက် လက်ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်ကုန်နှင်းမုန်တိုင်းကြောင့် လေဆိပ်တွင် ၈ ဒသမ ၆ လက်မ အထိ နှင်းများကျဆင်းခဲ့ပြီးနောက် ဖျက်သိမ်းလိုက်ရသော ခရီးစဉ်များကို ပြန်လည် အစား ထိုး ရန် လေလောင်းလိုင်းများက ကြိုးစားနေစဉ် လေထန်ခြင်း နှင့် အေးခဲသော ရာသီဥတုကို ကိုင်တွယ်နေရကြောင်း ပီယာဆန်လေဆိပ်က သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
Delta လေကြောင်းလိုင်းလေယာဉ်သည် ၈၆ မိနစ်ကြာ ပျံသန်းခဲ့ပြီးနောက် တိုရန်တို လေ ဆိပ် သို့ ဒေသစံတော်ချိန်ယမန်နေ့ မွန်းလွဲ ၂ နာရီ ၁၃ မိနစ် (မြန်မာစံ တော်ချိန် ယနေ့ နံနက်အစောပိုင်း)တွင် ဆိုက်ရောက်ခဲ့ကာ လေယာဉ်ပြေးလမ်း ၂၃ နှင့် ၁၅ ကြားတွင် ရပ်တန့်သွားခဲ့ကြောင်း FlightRadar24 ဝက်ဘ်ဆိုက်အချက်အလက်က ဖော်ပြသည်။
