"Deskto ရဲ့ Graphic Card တွေက Laptop ရဲ့ Graphic Card ထက် ဘာလို့ performance ပိုကောင်းနေရတာလဲ? ဘာကွာလို့လဲ"
အရင်ဆုံးသမရိုးကျ စဉ်းစားကြည့်လိုက်ကြရအောင်။Desktop မှာ Monitor,UPS,Keyboard,Mouse,System ပုံး,powersupply,Graphic card,Motherboard,Ram, ပြောရင်မကုန်သေးပေမယ့် ဒါတွေအကုန်လုံးပါတဲ့ desktop နဲ့ Laptop ထဲက ချုံပြီးထည့်ထားရတဲ့ဟာတွေက performance ပိုကောင်းမလား No ပါအဖြေက
ပိုကောင်းရင်လည်းကောင်းမှာပါ Gaming Laptop တစ်ချို့ဆိုဒီထက်တောင်ပိုကောင်းနိုင်ပါတယ်။
စလိုက်ကြရအောင်..
Graphic Card ထဲမှာနောက်ဆုံးထွက် RTX 4050 သုံးထားတဲ့ desk top နဲ့ Laptop တို့ရဲ့ graphic card နှစ်ခုက မတူညီပဲနဲ့ ဘာကြောင့် Laptop မှာထက် Desktop မှာ Performance ပိုထွက်နေရတာလဲ။
အဖြေရှာကြည့်ရအောင်။
ပါဝါသုံးစွဲမှု
(Power Differences)
Thermal Management (အပူထိန်းချုပ်မှု)
• Desktop Graphic Card:
Desktop graphic card တွေမှာ အကြီးစား heatsink, fan,တွေ water cooling system တွေသုံးပြီးတော့ ထွက်လာတဲ့အပူကိုထိန်းချုပ်ထားလို့၊ performance drop မဖြစ်စေပါဘူး။
• Laptop Graphic Card:
Laptop တွေမှာ space ကန့်သတ်မှုတွေကြောင့် cooling system ကနေရာသိပ်မရပဲနဲ့တခြားဟာတွေကို ဖဲ့ပေးထားရတာကြောင့် သုံးတာြကာပြီးတော့ အပူများလာတာနဲ့ ရင် performance ကျတာတွေ(thermal throttling) ဖြစ်နိုင်ပါတယ်။
ပါဝါစီမံခန့်ခွဲမှု (Power Management):
မြင်ဖူးကြမှာပါ။Laptop တွေမှာ Power Saving Mode နဲ့ Perfomance Mode ဆိုပြီးပါတတ်ကြတာကို။Laptop တွေမှာ ပါတဲ့ဘက်ထရီသက်တမ်းနဲ့ ကြာကြာသုံးတာနဲ့တက်လာတဲ့ Heat ကို ထိန်းချုပ်ဖို့အတွက် Power Management System ကို အသုံးပြုထားပါတယ်။အဲ့ဒါကြောင့် ဂရပ်ဖစ်ကတ်ကို ပါဝါအပြည့် မပေးနိုင်ဘဲ စွမ်းဆောင်ရည်ကို လျှော့ချထားရပါတယ်။
Desktop တွေမှာတော့ဒီလိုပြသနာတွေသိပ်မရှိတဲ့အတွက် ကိုယ်ထည့်ထားတဲ့ Graphic Card စွမ်းဆောင်ရည်ကို အပြည့်အဝခံစားလို့ရမယ်။ မီးတော့မှန်ရမှာပေါ့။
ဒီဇိုင်းနဲ့ အစိတ်အပိုင်းများ (Design and Components)
• Laptop Graphic Card
o Laptop များတွင် အရွယ်အစားသေးငယ်ပြီး ပါဝါသုံးစွဲမှု နည်းပါးသော GPU တွေကို အသုံးပြုပါတယ်။
o ဒီဇိုင်းက ပါဝါချွေတာပြီး အပူထိန်းချုပ်မှုကို ဦးစားပေးထားပါတယ်။
• Desktop Graphic Card
o Desktop GPU တွေက အရွယ်အစားကြီးမားပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်။
o ပါဝါသုံးစွဲမှုများပြီး အပူထုတ်လွှတ်မှုလည်း များပါတယ်။
CPU နှင့် Memory (CPU and Memory)
Desktop Graphic Card
Desktop GPU တွေက စွမ်းဆောင်ရည်ပိုမြင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ Power Consumption ပိုများပြီး၊ Cooling System ပိုကောင်းတာကြောင့် ပိုပြီးတော့ High Performance ရပါတယ်။ Gaming, Video Editing, 3D Rendering လိုမျိုး Heavy Tasks တွေအတွက် Desktop GPU တွေက ပိုအဆင်ပြေပါတယ်။
Laptop Graphic Card
Laptop GPU တွေက Power Consumption နည်းပြီး၊ အရွယ်အစားသေးငယ်အောင် ဒီဇိုင်းလုပ်ထားတာကြောင့် စွမ်းဆောင်ရည်က Desktop GPU တွေလောက် မမြင့်ပါဘူး။ ဒါပေမယ့် နောက်ပိုင်း Laptop GPU တွေက တော်တော်လေးကောင်းလာပြီး၊ Mid-Range Gaming နဲ့ Light Creative Work တွေအတွက် လုံလောက်ပါတယ်။
Memory Speed: Desktop တွေမှာ RAM speed ပိုမြန်တာကြောင့် ဂိမ်း performance ကို အထောက်အကူပြုပါတယ်။
ဥပမာ: RTX 4090 ဂရပ်ဖစ်ကတ်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် desktop ဗားရှင်းက laptop ဗားရှင်းထက် CUDA cores အရေအတွက် ပိုများပြီး clock speed, memory bandwidth တွေလည်း ပိုမြင့်ပါတယ်။ ဒါကြောင့် performance သိသိသာသာ ကွာခြားပါတယ်။
အချုပ်ပြောရရင် desktop ဂရပ်ဖစ်ကတ်တွေမှာ ပါဝါပိုများများ သုံးနိုင်ခြင်း၊ အအေးပေးစနစ် ပိုကောင်းခြင်း၊ အရွယ်အစားနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အားသာချက်တွေကြောင့် laptop ဂရပ်ဖစ်ကတ်တွေထက် performance ပိုကောင်းတာ ဖြစ်ပါတယ်။
