Bad Genius ဇာတ်ကားထဲက နာမည်ကျော် ထိုင်းမင်းသမီးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သရုပ်ဆောင် ခါရာ 🥰
သူအရမ်းသဘောကျတဲ့ မင်းသမီးလေးတစ်လက်ပါ။ နာမည်ကျော် ထိုင်းဇာတ်ကားဖြစ်တဲ့ Bad Genius ဇာတ်ကားက မြန်မာပရိသတ်တွေကြားမှာလည်း ရေပန်းစားကျော်ကြားခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားထဲက မင်းသမီးဟာ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး Emmy Award ဆုကိုရရှိခဲ့တာဖြစ်တယ်လို့လည်း ခါရာကပြောပြထားပါသေးတယ်။ သူသဘောကျတဲ့ အဆိုပါထိုင်းမင်းသမီးလေးနဲ့ ဇာတ်ကားတစ်ကားလောက် ရိုက်ချင်မိကြောင်း သူ့စိတ်ကူးလေးကိုလည်း ပြောပြလာပါသေးတယ်။
#celenews
