11 ပတ် - ဘာသာပြန်ပါ။

ပလိုင်းမောက်အသင်းနည်းပြမီရွန်မုစလစ်ချ်က ကြိုးကြာနီအသင်းကို ၁-၀ နဲ့အနိုင်ရခဲ့ပြီးနောက် အက်ဖ်အေဖလားနောက်တဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့ပြီးနောက်စကားပြောလို့ မထွက်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဝန်ခံပြောဆိုလာခဲ့ပါတယ်။ဒီပွဲစဉ်မတိုင်ခင်ရည်မှန်းချက်အရတော့ အနိုင်ရလဒ်ရယူဖို့ဖြစ်ပြီး ဒီပွဲစဉ်အကြောင်းနဲ့ပတ်သက်ပြီးပြောဆိုလာခဲ့ပါတယ်။

ပုံမှန်အားဖြင့်တော့ကျနော်ပြောတာအရမ်းတော်ပေမဲ့ လက်ရှိမှာတော့ ကျနော်ပြောမထွက်ပါဘူး။ကျနော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ဒီဟာက ကျနော့်ရဲ့နည်းပြဘ၀မှာအကြီးကျယ်ဆုံးကာလဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးသံသယဖြစ်စရာမရှိပါဘူး။ဒီဟာကအက်ဖ်အေဖလားပွဲစဉ်ဖြစ်ပြီး ပြိုင်ဘက်ကတော့လီဗာပူးလ်အသင်းဖြစ်တာကြောင့်ပါ။

ဖြစ်စဉ်အတော်များများကိုငါတို့ကာကွယ်ရမယ်ဆိုတာငါတို့သိပါတယ်။ဒီဟာက သူတို့အသင်းကိုငါတို့ဂိုးကနေဝေးဝေးမှာရှိနေစေရမယ်ဆိုတဲ့ကြီးမားတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်။ဒါပေမဲ့ငါတို့မှာအနိုင်ရဖို့ယုံကြည်ချက်ရှိပါတယ်။ငါတို့အနေနဲ့ဒီပွဲစဉ်မှာပိုကောင်းအောင်လုပ်ဆောင်ချင်ပါတယ်။ဘာမှကြောက်စရာမရှိပါဘူး။ငါတို့ဘာမှဆုံးရှုံးစရာမရှိဘဲ အနိုင်ရလဒ်အတွက်အကုန်လုပ်ဆောင်ရမယ်လို့ကစားသမားတွေကိုကျနော်ပြောဆိုခဲ့ပါတယ်။

ဒီဟာကပလိုင်းမောက်အသင်းရဲ့နေ့ရက်ဖြစ်ပါတယ်။သူတို့အနေနဲ့ဒီဟာကိုရဖို့ထိုက်တန်မှုရှိပြီး သူတို့ကိုရာနှုန်းပြည့်ဖြစ်စေချင်ခဲ့ပါတယ်။ကျနော်အိမ်ပြန်ပြီးတော့ဒီပွဲစဉ်ကိုနောက်တကြိမ်ပြန်ကြည့်ဦးမှာပါလို့ ဟာလ်ဒီးက ပြောဆိုလာခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image