ထမင်းနှဲအချိူ (ရွှေထမင်း) 
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,, 
ထမင်းနှဲကို အဆိမ့်မကြိုက်တတ်ပဲ 
အချိူ ပဲကြိုက်တတ်သူရယ်ပါ။ 
အိမ်မှာလုပ်စားတဲ့ အလွယ်နည်းလေး 
ပြောပြမယ်နော်။ 
ကောက်ညှင်းဆန် ..နို့ဆီဗူးတဘူး 
ထန်းလျက် ....၁၀ သား 
ဆား ..လက်ဖက်ရည်ဇွန်းဝက် 
အုန်းသီးခြစ် .အနည်းငယ်တို့ပါဝင်ပါတယ် 
 
ပြုလုပ်ရန်အတွက် 
.......................... 
ကောက်ညှင်းဆန်ကို ရေခနစိမ်၊ရေဆေးပြီး 
ထမင်းပေါင်းအိုးထဲထည့် ထားပါ။ 
ရေကို ကောက်ညှင်းဆန်အထက် 
လက်တဆစ်အလိုထည့်ပါ၊ 
ထမင်းချက်သလိုခလုတ်နှိပ်ပြီးချက်ပါ 
ထန်းလျက်ကို ကျိူ မည့်အိုးထဲထည့်၊ 
ရေအနည်းငယ်ထည့်ပြီးကျိူ ပါ။ 
အရည်ပျစ်မလာခင် 
သဲတွေကို နှစ်ခါလောက်စစ်ထုတ်ပါ 
ပြီးရင်ဆက်ကျိူ ပါ။ 
ဆားလက်ဖက်ရည်ဇွန်းဝက်ထည့်ပေးပါ။ 
အရည်ပျစ်ပြီး.အစေးကျလာပါက ရပ်ထားပါ။ ကောက်ညှင်းဆန် ကျက်တာနဲ့ 
ပေါင်းအိုးထဲထန်းလျက်ရည်လောင်းထည့်ပြီး 
ယောင်းမဖြင့်မွှေပါ 
ပေါင်းအိုးခလုတ်မပိတ်သေးပဲမွှေပေးပါ။ 
အပူရှိန်ဖြင့် စေးလာအောင်ပါ။ 
မွှေတာနှံ့သွားပါက ခလုတ်ပိတ်ပါ။ 
လင်ပန်းအခြေထဲဆီအနည်းငယ်သုတ်ပြီး 
ကောက်ညှင်းထည့်ပါ။ 
အပေါ်ကနေ ယောင်းမဖြင့်ဖိပြားပေးပါ။ 
ပြီးရင် အအေးခံထားပါ။ 
တောင့်တောင့်လေးရချင်ပါက 
အအေးခန်းထဲထည့်ထားပါ။ 
ပြီးမှ အုန်းသီးခြစ်လေးဖြူးပြီး စားသုံးနိုင်ပါပြီ။ 
အုန်းနို့ကြိုက်တတ်ပါက 
ကောက်ညှင်းပေါင်းချိန်တွင် 
အတူရောထည့်မွှေပေးပါ။ 
Credit: မိုးကုတ်သူ