စက်သုံးဆီအတွက် ဒေါ်လာ ၂၁ သန်း  ဗဟိုဘဏ် ထုတ်ရောင်းပေးမည် +++++ 
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ ၂၁ သန်း  ရောင်းချပေးမယ်လို့ ဒီကနေ့မှာပဲ ကြေညာလာပါတယ်။ 
ဗဟိုဘဏ်အပါအဝင် AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ ရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြမထားတာကို ထုတ်ပြန်ချက်အရ သိရပါတယ်။