ဟမ်၊ ချိစ် ပေါင်မုန့်ကြက်ဥကြော်နည်း🥪🥪🥪🥪🥪🥪 
------------------------------- 
အစာပြေ လုပ်စားနိုင်ဖို့ ဟမ်၊ချိစ် ပေါင်မုန့် ကြက်ဥကြော်ပါ။ Pork luncheon Meat၊ ချိစ်၊ mustard အရသာကြောင့် အရမ်းစားလို့ ကောင်းပါတယ်။ oregno အနံ့လေးလည်း သင်းနေတာမို့ ခုပဲ တူတူကြော်ကြည့်ရအောင်… 
------------------------------- 
ပါဝင်ပစ္စည်းများ 
ပေါင်မုန့် – ၈ချပ် (ဘေးသားများကို လှီးပေးပါ) 
ဟမ္(Pork Luncheon Meat) – ၁ဘူး (မထူးမပါးလွီးပါ) 
ချိစ် – ၄ပြား 
ခရမ်းချဉ်သီး – ၃လုံး (အဝိုင်းပါးပါးလှီးပါ) 
Mustard – အပေါ်မှ ဆမ်းရန် 
Oregano – လက်ဖက်ရည်ဇွန်း တဝက် (ဖြူးရန်) 
ဆား – လက်ဖက်ရည်ဇွန်း တဝက် 
ကြက်ဥ – ၄လုံး (ခလောက်ထားပါ) 
------------------------------- 
ကြော်နည်း 
၁။ အရင်ဆုံး ပေါင်မုန့်ပေါ်သို့ ဟမ်ပြား၊ ခရမ်းချဉ်သီး၊ Mustard ပုံတွင်ပါသည့်အတိုင်း အစဉ်လိုက် တင်လိုက်ပါ။ 
၂။ ပြီလျှင် oregano အမှုန့် နှင့် ဆား အနည်းငယ် ဖြူးပြီ ချိစ်ပြားတင် ပေါင်မုန့်တချပ်ပြန်အုပ်ပေးပါ။ 
၃။ ထို့နောက် ပေါင်မုန့်ကို တြိဂံပုံ ထပ်ခြမ်းခြမ်းပေးပါ။ 
၄။ ကြက်ဥ ထည့်ထားသော ခွက်ထဲသို့ ပေါင်မုန့်များကို တဖက်ကို ၁၀မိနစ်နှုန်းဖြင့် မိနစ် ၂၀ခန့် စိမ်ထားပါ။ ထို့နည်းအတိုင်း ကျန်ပေါင်မုန့်များကို ကြက်ဥပန်းကန်ထဲ စိမ်ပေးပါ။ 
၅။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ပေါင်မုန့်များ အညိရောင်သန်းသည်အထိ မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ 
၆။ ပြီလျှက် ဟမ်၊ချိစ် ပေါင်မုန့် ကြက်ဥကြော်ကို Mustard ဖြင့်တွဲဖက် သုံးဆောင်နိုင်ပါပြီ…


                  +4
              

