နှုတ်ချိုတိုင်း မသာယာပါနဲ့ 
****************** 
တစ်ခါတုန်းက ကျီးကန်းတစ်ကောင်ဟာ အိမ်တစ်အိမ်မှ ဒိန်ခဲတစ်တုံးကို ခိုးယူပြီး သစ်ပင် တစ်ပင်ပေါ်သို့ နားနေတယ် ။ ဒိန်ခဲနံ့ရသော မြေခွေး တစ်ကောင်ဟာ ကျီးကန်းနားသို့ နီးကပ်စွာ လာလေ၏ ။ ထိုအခါ မြေခွေးဟာ အဲဒီ ဒိန်ခဲတုံးကို ဘယ်လို ကြံလျှင် ပိုင်ဆိုင်ရမည်ဟု တွေးတော နေပါတော့တယ် ။ 
မြေခွေးလည်း " မင်္ဂလာ နံနက်ခင်းလေးပါ မရွှေကျီး ၊ နေကောင်း ကျန်းမာတော် မူရဲ့လား ။ အမွေးအတောင်တွေ လှပသလို မရွှေကျီးရဲ့ အသံကလည်း သာယာမှာပဲနော် " ဟု ကျီးကန်းကို ပြောကြားလိုက်၏ ။ ထိုအခါ ကျီးကန်းဟာ မြေခွေးရဲ့ အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း ဆိုသလိုပဲ သူ့အသံကို ကြွားလိုက်မိ၏ ။  
    ထိုအခါ မိမိ ဒိန်ခဲအောက်သို့ကျ ပြီးမြေခွေးစာ 
ဖြစ်ရ ရှာတော့တယ်။ 
Ref : The Fox and the Crow { Ref = Reference } 
ကျွန်တော့ ပတ်ဝန်းကျင်မှာ လူတစ်ချို့ ဒီပုံပြင်တိုလေးက မြေခွေးလို ရှိတတ်ကြပါတယ် ။ မနာလိုမှုတွေ ဖြစ်သော အခါများတွင် လူတစ်ချို့က မြေခွေးလို ချိုသာသော စကားပြော၍ မြှောက်ပင့် တတ်လေ့ရှိ်ကြ၏ ။ ထိုသူတို့ဟာ သူတစ်ပါးကို နာကျင်အောင် ထိခိုက်အောင် လုပ်ချင်သူသာ ဖြစ်ပါတယ် ။ 
မြှောက်ပင့်မှုကို ကြိုက်သူဟာ တစ်ခါတလေမှာ ဒုက္ခတွေ ရတတ်ပါတယ် ။ ကျွန်တော်တို့ ကြိုးစားနေတဲ့ အချိန်မှာ ဒုက္ခဖြစ်အောင် လူတစ်ချို့က ချိုသာမှုများဖြင့် ပြောဆို၍ မှောင်းထုတ်တတ်လေ့ ရှိတတ်ပါတယ် ။ အဲဒီလို ကြိုးစားနေတဲ့ ကာလမှာ စကားချိုတိုင်း မသာယာမိဖို့ သတိပြုရန် လိုအပ်ပါတယ် ။ 
အတုအယောင် ဟန်ဆောင်၍ မြှောက်ပင့်သူတို့ရဲ့ စကားကို နားထောင်မိသော သူဟာ ထိုက်သင့်တဲ့ အဖိုးအခကို ပေးကြရမှာသာ ဖြစ်ပါတယ် ။ 
အတုအယောင်တို့ရဲ့ 
စကားတိုင်းမှာ 
ကိုယ်က မသာယာဖို့ လိုအပ်ပါတယ် ။ 
အကယ်၍ သာယာခဲ့မိလျှင် 
ကိုယ်ဆီက တစ်ခုခု 
ပေးတတ်ရ၏ ။ 
Credit