11 ပတ် - ဘာသာပြန်ပါ။

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် ပြည်ပဈေးကွက်မရှိတော့သည့် မြန်မာ့ဖရဲ

ဖေဖော်ဝါရီ ၁၁

နယ်စပ်ကုန်သွယ်ရေး အခက်အခဲများကြောင့် မြန်မာ့ဖရဲသီးများသည် ပြည်ပဈေးကွက်မရှိတော့ကြောင်း ဖရဲစိုက်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။

မြန်မာ့ဖရဲသီးများ ပြည်ပဈေးကွက်မရှိတော့သည့်အတွက် ပြည်တွင်းဈေးကွက်ကို အဓိကအားထား‌၍ ရောင်းချနေရကြောင်း သိရသည်။

"တရုတ်ကိုက မတင်ပို့နိုင်တော့ဘူး။ ကုန်ကျစရိတ်အရမ်းများလို့။ ပြည်တွင်းဈေးကွက်ကိုပဲ ရောင်းနေရတယ်။ အခု ရောင်းနေတဲ့အသီးတွေက မိုးတွင်းတုန်းကစိုက်ထားတဲ့အသီးတွေပေါ့။ ဒီနှစ်မှာလုံးဝရှုံးတယ်။ ရေကြီးတုန်းကလည်း စိုက်ခင်းတွေပျက်ကုန်တာ။ အသီးထွက်ပြန်တော့လည်း‌ ဈေးကွက်ကမရှိတော့ဘူး။" ဟု မကွေးမြို့မှ ဖရဲစိုက်တောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယခုထွက်ရှိနေသည့် ဖရဲသီးအားလုံးကို ရန်ကုန်သီရိမင်္ဂလာစျေးနှင့် တညင်းကုန်းစျေးကိုသာ အဓိကတင်ပို့ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဖရဲသီးကို တရုတ်သို့ အဓိကတင်ပို့နေခြင်းဖြစ်ကာ ယခင်လမ်းကြောင်းဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားတာလော့ဂိတ်မှ ကုန်သွယ်ခွင့်ခက်ခဲသည့်အခြေအနေများကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အပြင် ဒေသအသီးသီးရှိ မြေလွတ်မြေရိုင်းများ ဖော်ထုတ်စိုက်ပျိုးလျက်ရှိသလို ခရမ်း၊ သုံးခွ၊ လှည်းကူး၊ ပဲခူးတိုင်း၊ ဟင်္သာတ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ သာစည်၊ မြစ်သား၊ မြင်းခြံ၊ ကျောက်ဆည်၊ တံတားဦး၊ စစ်ကိုင်း၊ ကသာ၊ ထီးချိုင့်ဒေသများတွင် အ များအပြားစိုက်ပျိုးကြောင်း သိရသည်။

#centralnewsnaypyitaw

image