"ငါမသေခင် ကြိုတင်၍ ရေးခဲ့မည်" 
ငါ့ကို ချစ်၍ တိုက်သော"အရက်"ကိုသာ ငါသောက်၏၊ 
ငါ့ကို ချစ်၍ကျွေးသော"ထမင်း"ကိုသာ 
ငါစား၏၊ 
ငါ့ခြေသလုံးနှစ်ချောင်းပေါ်၌သာ ငါနေ၏၊ 
ငါ့ကိုချစ်သော"မိန်းမ"ဟူ၍ အမြဲမရှိ၊ 
ငါသည်"သံသရာ"၌လှည့်လယ်သွားလာနေသူတဦးသာဖြစ်၏၊ 
ကလေးတွေနှင့်သာ ငါသူငယ်ချင်းဖွဲ့၏၊ 
ငါသည်မည်သူ၏"ဆရာကြီး"မှ မဟုတ်၊ 
ငါ့၌ အဖော်သဟဲ မရှိ၊ 
ချစ်သောသူတို့ရှိသော အရပ်၌သာ 
ငါ ကွယ်လွန်မည်၊ 
ငါ့စိတ်နဲ့ ငါ့ကိုယ် 
အာဏာရှင်အလိုမရှိ၊ 
ရှက်စရာကောင်းတဲ့"အောင်ပွဲ"များအား 
ငါရှောင်ကျဥ်၏၊ 
"လူမသမာ"တို့အား"ဘိသိတ်"မြှောက်ရန်  
ငါ   ငြင်းဆန်၏၊ 
ကြောက်သောသူ၌ ကျက်သရေမရှိ၊ 
အချင်း ..တို့ 
ဆိုကရေးတီး"သောက်မည့်"အဆိပ်ခွက်"မှ 
ငါ့အား"တဝက်"ပေးပါလော့၊ 
ဂုဏ်သိက္ခာမရှိသော"ရှင်သန်ခြင်း"အား 
ငါ အလိုမရှိ၊ 
အဖိုးမဖြတ်နိုင်သော"သေခြင်းတရား"ကိုသာ 
ငါ အလိုရှိသည်၊ 
 "နိုင်မြန်မာ နိဂုံး" 
တမလွန်သို့ 
ငါလာသည် 
ရှင်ဘုရင်၏ အထက်၌သာ  
ငါ့အတွက် နေရာထိုင်ခင်းကိုပြုလော့။။ 
#နိုင်မြန်မာ 
#photocredit 
#သဌမ 
#thanhtaymaung 
#သေရွာပြန်mineminee