ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဒေါ်လာဘီလျံပေါင်းများစွာ လိမ်လည်/အလွဲသုံးစားမှုတွေကို အီလွန်မတ် ရှာဖွေဖော်ထုတ်နိုင် မယ်လို့ မျှော်လင့်ထားကြောင်း ထရမ့်ပြော

ဖေဖော်ဝါရီ ၁၀

ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ် ပါတယ်။” လို့ မိုက်ဝေါ့ဇ်က NBC သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“အင်မတန်ကြီးမားကျယ်ပြန့်လှတဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းကြီးထဲမှာ စစ်ဆေးစရာတွေ အများကြီးရှိနေပါ တယ်။” လို့ ဝေါ့ဇ်က ပြောပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကြီးထဲက ဖြုန်းတီးမှုတွေနဲ့ အရည်အသေးမပြည့်ဝမှုတွေအတွက် နိုင်ငံရေးနယ်ပယ်စုံက ခေါင်း ဆောင်တွေ ဝေန်ခဲ့တာ ကာလကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမဲ့ အီလွန်မတ်နဲ့ အဖွဲ့ဟာ ပင်တဂွန်စစ်ဌာနချုပ်ကြီးကို ပြန်လည်တည်ဆောက်ဖို့ ကျွမ်းကျင်မှုမရှိဘဲ ၎င်းတို့ရဲ့ကြိုး ပမ်းမှုကြောင့် လျှို့ဝှက်စီမံချက်တွေ ပေါက်ကြားသွားနိုင်တဲ့ အန္တရာယ်တွေ ရှိနေကြောင်း ဒီမိုကရက်တွေနဲ့ အရပ်ဘက် ဝန်ထမ်းများသမဂ္ဂတွေက ပြောပါတယ်။

အီလွန်မတ်ရဲ့ ကုမ္ပဏီတွေဟာလည်း ပင်တဂွန်စစ်ဌာနချုပ်နဲ့ အရေးကြီးကန်ထရိုက်ငန်းတွေ စာချုပ်ချုပ်ဆိုထားပြီး အကျိုးစီးပွားပဋိပက္ခတွေ သိသိသာသာဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image