နားအူ နားကိုက် နားပြည်ယိုပါလျှင်" 
 #နားကိုက်ခြင်းသည် အလွန်ပင်ခံစားရရခက်သည်။  ညအချိန်တွင်ပိုမို ဖြစ်တတ်ရကာ ခံရဆိုးပါ၏ ဖြစ်ရသည်မှာ ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် လေဖိအားကြောင့်လည်းပါ၏။ 
 နားကိုက်ခြင်းသည် များသောအားဖြင့် နားပြွန်များထဲတွင် အဆီးအတားရှိနေတတ်ပြီး ပိတ်ဆို့နေခြင်းကြောင့် နားကိုက်ဝေဒနာခံစားရတတ်ပါသည်။ အသက်အရွယ်မရွေး 
ခံစားရသည်မှန်သော်လည်း ကလေးအရွယ်တွင်ပို၍အဖြစ်များပါသည် 
သက်သာစေသောနည်းများ 
=============== 
(၁) လူကိုယ်ခန္ဓာကိုယ်အား မတ်မတ်ထိုင်ရ၏ အိပ်သည့်အခါဦးခေါင်း 
ကို အနည်းငယ် အောက်မှ ထောက်စရာတစ်ခုခုဖြင့်ထားပြီးမှ 
အိပ်ပါရန်  နားနှင့်လေပြွန်ရောဂါအထူးကု ဒေါက်တာဝေဒါကပြော 
သည်။ 
(၂) ရှေးသူကြီးသူမတို့ နားအတွင်းသို့ ဆေးတံမှ မီးခိုးငွေ့ကို မှုတ်သွင်းကြ၏ ဆေးတံမှဆေးခိုးငွေ့က နားကိုက်ခြင်းကိုသက် 
သာစေခြင်းမဟုတ်ဘဲ အပူဓာတ်ကသာ သက်သာစေခြင်းဖြစ်သည် 
ဟုအမေရိကန် မိသားစုဆရာဝနျဒေါကျတာဒနျးဒရှုးကဆျိုလသေညျ 
ထိုကြောင့် ဆံပင်အခြောက်ခံစက် ၏ အပူအနိမ့်ဆုံးခလုတ်မှ 
ထွက်သောလေပူကို ၁၈လက်မနှင့်၂၀လက်မ အကွာမှ နားထဲသို့ 
သင့်ရုံမှုတ်ပေးရသည်။ 
(၃)  နားရွက်ကိုလိမ်ဆွဲပေးခြင်း 
နားကိုက်နားနာခြင်းသည် အတွင်းပိုင်းနှင့်အပြင်ပိုင်း နားကျင်ခြင်း 
လာသိစေရန် နားရွက်ကိုဆွဲလိမ်ပြီးစစ်ဆေးသင့်သည်။ဆွဲလိမ်၍ 
နားမနာပါလျှင် နား၏အလယ်ပိုင်းတွင်ဖြစ်ရန်များသည် နားကိုဆွဲ 
လိမ်ခြင်းကြောင့် နားနာနေပါက နာပြွန်အပြင်ပိုင်းတွင်ဖြစ်နိုင်သည် 
ထိုပြင်များစွာသော အခြားဆေးနည်းလမ်းများနှင့်ဆရာဝန်ထံပြရန်ဖြစ် 
သည်။ 
မြန်မာတိုင်းရင်းဆေးမြီးတိုနည်းများ 
=================== 
ဆေးမြီးတိုလေးများ မတင်ပြမည် မကြာသေးမီက နားကိုက်လွန်းသူ 
တစ်ဦးအား နားအတွင်းသို့ ရွက်ကျပင်ပေါက်အရွက်ကို မီးကင်၍ 
အရည်ညှစ်ချပေးလိုက်ရာ သက်သာပျောက်ကင်းသွားသည်။ 
ကြောင်လျှာသီး မီးကင်အရည်ညှစ်၍ ခပ်နွေးနွေ လေးနားထဲထည့်ပေးပါ  ။တစ်နေ့၃ကြိမ်ထည့်ပေးပါ  ကြောင်ရှာသီးကြောင်ရှာရွက်ကြော်စားခြင်း မီးအုံကာ အတို့အမြှုပ်လုပ်စားပါ နားအတွက်အလွန်ကောင်းပါသည်။ 
နားကိုက်လျှင် သံလွင်ဆီ(သို့)မုန့်ညင်းဆီစသောအဆီတို့ ကြွေဇွန်းတွင်ထည့် မီးအပူပေးပြီး ခပ်နွေးနွေးလောင်းထည့်ပေးပါ။ 
နားပင်းလျှင် ကြောင်ရှာသီးကိုပြုတ်ပြီး သံပုရာသီးညှစ်၍ သုတ်စားပါ။ 
နားပြည်ယိုလျှင် ကြိတ်မှန်ရွက်သတ္တုရည် ကို အပူပေးပြီး       ခပ်နွေးနွေးလေး ၃စက်၄စက်လောင်းထည့်ပေးပါ 
နားလေထွက်လျှင် ကြက်သွန်နီဥ အရည်အနည်း ကို အပူပေးပြီးခပ် 
နွေးနွေးညှစ်ထည့်ပေးပါ။ 
နားအူနားလေထွက်လျှင် တရုတ်စံကားအပွင့်ကိုပြုတ်ပြီး အသုပ်  လုပ်စားပါ။နားအူနားအုံကိုက်လျှင် သင်္ဘောရွက်ကို မီးအုံ၍အတို့ အမြုပ်လုပ်၍ စားပေးပါ။သင်္ဘောသီးသုပ်စားပေးပါ။ 
ဂျင်းတက်အနည်းငယ်ကို ထုထောင်းပြီး အရည်ညှစ်၍ မီးအပူပေးပြီး 
ဂျင်းသတ္တုရည်ခပ်နွေးနွေးကို ၄စက်၅စက် ချပေးပါ။ 
ရဲမျိုးသူ(ဗောဓိမြိုင်) 
(မှတ်ချက်) 
 လက်ဆင့်ကမ်း ကူးယူဖော်ပြပါက  
မူရင်းဖြစ်တဲ့ စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတအား 
Credit ပေး၍ ဖော်ပြခွင့်ရှိပါသည် 
#ကျန်းမာရေးဗဟုသုတများ 
#crd