#crispy Potato Wedges 
................. 
 
ယခု ကျွန်တော်လုပ်ပြမယ့်ပုံစံကတော့ အရမ်းခြောက်ကပ်မှုမရှိဘဲ ြွကပ်ြွကပ်လေး ဖြစ်တာကြောင့် လူကြိုက်များပါတယ်။ လုပ်ရတာလည်း ခက်ခဲမှုမရှိပါဘူး။ 
 
ပါဝင်ပစ္စည်းများ 
အာလူး - ၁ ကီလိုဂရမ် 
ဂျုံ - ၁၅၀ ဂရမ် 
ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
ပါပရီကာမှုန့် - အနည်းငယ် 
ဆား၊ ငရုတ်ကောင်း - အနည်းငယ် 
Dijon Mustard - လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
တရုတ်နံနံ - အနည်းငယ် 
ရေ - သင့်တော်ရုံ 
 
ပြုလုပ်နည်း 
၁။ ဦးစွာ အာလူးကို အခွံမနွှာဘဲ ရေစင်အောင် ဆေးပါ။ ပြီးလျှင် ခွဲ၍ စိတ်ပြီး ကျက်လုနီးနီး ပြုတ်ပါ။ 
၂။ ဂျုံနှစ်ဖြစ်စေရန် ကျန်ပါဝင်ပစ္စည်းများ ရောမွှေပါ။ အရမ်းမပျစ်ဖို့ သတိထားပါ။ 
၃။ ပြုတ်ထားတဲ့ အာလူးများကို ဂျုံနှစ်ထဲနှစ်၍ 
ကြော်ပါ။ အရောင်များတောက်လာလျှင် ကျက်ပါပြီ။ 
...................... 
Crd. 
Win Zaw @ Mario Win Zaw