11 w - Translate

အခက်အခဲတွေ့ရင် ရှောင်မပြေးနဲ့။
လူဆိုတာ အခက်အခဲတွေကြောင့်ပဲပိုသန်မာလာနိုင်တယ်လေ။
အရှုံးတွေကိုလည်းမမုန်းနဲ့။
ဘဝအတွက်သင်ခန်းစာတွေကို အရှုံးတွေဆီကပဲရနိုင်တယ်လေ။
လဲကျမှာလည်းမကြောက်နဲ့။
ပြန်ထရဲတဲ့သတ္တိကို လဲကျတဲ့အခါမှသိနိုင်တယ်လေ။
မအောင်မြင်မှာလည်း တွေးပူမနေနဲ့။
အတွေ့အကြုံဆိုတာ မအောင်မြင်ခြင်းတွေဆီမှာပဲတွေ့နိုင်တဲ့ဆုလာဘ်တစ်ခုပဲလေ။
လက်ညိုးထိုးကဲ့ရဲ့ခံ‌နေရလို့လည်း မတုန်လှုပ်ပါနဲ့။
ကိုယ့်ကိုဝိုင်းထိုးနေကြတဲ့လက်ညိုးတွေကလည်းကိုယ်သွားမယ့်လမ်းကြောင်း
အတွက်လမ်းညွှန်တွေဖြစ်နေတတ်တယ်လေ။
ရှေ့ကိုမရောက်သေးလို့လည်း စိတ်ဓာတ်မကျနဲ့။
အနောက်မှာခြေကုပ်ယူထားတဲ့ခြေတစ်လှမ်းကလည်း ရှေ့ကိုတဟုန်ထိုးလှမ်းဖို့အတွက် အားယူထားတာလည်းဖြစ်နိုင်တာပဲလေ။
Credit

image