မဏိပူရပြည်နယ် ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်   
 
ဖေဖော်ဝါရီ ၁၀ 
 
မဏိပူရပြည်နယ်ဝန်ကြီးချုပ် N Biren Singh သည် ရာထူးမှနုတ်ထွက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က ပြည်နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ခဲ့သည်။ 
 
N Biren Singh လက်ထက် ၂၀၂၃ ခုနှစ်၊ မေလက ကူကီးလူမျိုးနှင့် ကသည်းလူမျိုးများကြား လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ 
 
အဆိုပါ လူမျိုးရေးပဋိပက္ခကြောင့် နှစ်ဖက်သေဆုံးမှုများရှိခဲ့သလို လူသောင်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရ သည်။ 
 
အလားတူ နေအိမ်များနှင့် ကားများ၊ ဆိုင်ကယ်များလည်း မီးရှို့ဖျက်စီးခံခဲ့ရသည်။ 
 
ထို့နောက် ကူကီးလူမျိုးများသည် လက်နက်ကိုင်တပ်ဖွဲ့များ ထူထောင်၍ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။ 
 
#centralnewsnaypyitaw
