ခရမ်းချဉ်သီးလက်ဖက်အစာသိပ် 
လက်ဖက်ရွက်နုကိုရေဆေးပြီး 
အရည်ညစ်ပါမယ် 
ဆုံထဲမှာကြက်သွန်ဖြူနွာထား 
တာကိုညက်ညက်ထောင်းပြီးလက်ဖက်ရွက်နုကိုထည့်ပါ ဆားအချို 
မှုန့်နဲနဲထည့်ပြီးညက်ညက် 
ထောင်းပါ ပြီးရင်ပန်းကန်လုံး 
ထဲထည့်ပြီးငံပြာရည်နဲနဲထည့် 
သံပုရာသီးရည်ညှစ်ထည့်ပြီး 
သမအောင်မွှေပါ အရသာမြည်းကြည့်ပါ အနေတော်ဆို 
ဆီလောင်းထည့်ပြီးသမအောင် 
မွှေပေးပါ ဆီမြုပ်နေအောင် 
ထည့်ပါ လက်ဖက်သားကိုနှပ် 
ထားပါ လက်ဖက် 
အကြော်စုံကိုမညက်တညက် 
ထောင်းထားပြီးလက်ဖက်သား 
ကိုလိုသလောက်ခပ်ထည့်ပြီး 
နယ်ထားပါ အရသာမြည်း 
ကြည့်ပါ လိုတာထပ်ထည့်ပါ 
ခရမ်းချဉ်သီးကိုထိပ်နှစ် 
ဖက်ဖြတ်ပြီးအလယ်ကဖြတ် 
ကာအလယ်သားမျးကိုဇွန်း 
သေးသေးဖြင့်ခပ်ယူထုက်ထား 
ပါ အစာရောနယ်ထားသည့် 
လက်ဖက်ကိုခရမ်းချဉ်သီးအလယ်ခွက်များတွင်ထည့်ပြီး 
အပေါ်တွင်ကြက်သွန်ဖြူအမွှာ 
ပုဇွန်ခြောက်တို့တင်ပေးပါ 
ခရမ်းချဉ်သီးလက်ဖက်အစာသိပ်ရပါပြီ ငရုတ်သီးစိမ်း 
တောင့်ကိုဘေးမှာထည့်ပေးပါ 
စားကောင်းကြပါစေ 
 
Credit U Kyaw Shwe