11 w - Translate

အယ်လ်နာဆာတိုက်စစ်မှူးသစ် ဒူရန်ကတော့ ဂိုးတွေသွင်းပြီး ခြေစွမ်းပြနေပါပြီ။ ဆော်ဒီမှာ သွားကစားနေတဲ့ ဒူရန်ဟာ ရော်နယ်ဒိုနဲ့အတူ တပွဲတည်းမှာ ပထမဆုံးအကြိမ် ဂိုးအတူတူလည်း သွင်းနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းပြခဲ့တဲ့ ဒူရန်အတွက် ဆော်ဒီလိဂ်က လွယ်မှာပါ။ မာနေး၊ ရော်နယ်ဒိုတို့နဲ့ တွဲကစားရတာမို့လည်း သူ့အတွက် ပိုပြီးကောင်းပါတယ်။ ညကဆိုရင် မာနေးက သူ့အတွက် တကြိမ်ဖန်တီးပေးခဲ့ပြီး ရော်နယ်ဒိုဆီကနေ ကူညီပေးမှုတွေလည်း ရခဲ့ပါတယ်။
အယ်လ်နာဆာတိုက်စစ်ကလည်း ပိုအားကောင်းလာပြီဖြစ်ပြီး ဒီကောင်လေး ကြိုးစားရင်တော့ ကြိုးစားသလောက် ဖြစ်လာမယ့်အနေအထားပါ။ အယ်လ်နာဆာတို့ ဆက်တိုက်နိုင်ပွဲရနေတာဖြစ်ပြီး ဆုဖလားမျှော်လင့်ချက်က နည်းပါးနေပေမယ့် ထိပ်ဆုံး ၃ သင်းစာရင်းထဲ ဝင်နိုင်ဖို့တော့ မျှော်လင့်နိုင်ဆဲဖြစ်ပါတယ်။

image