မြဝတီဘက်သို့ စက်သုံးဆီမှောင်ခိုတင်ပို့သည့် ကားကို ထိုင်းနိုင်ငံတွင် ဖမ်းမိ
ဖေဖော်ဝါရီ ၈
မြဝတီဘက်သို့ စက်သုံးဆီမှောင်ခိုတင်ပို့သည့် ကားကို ထိုင်းနိုင်ငံတွင် ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြနေကြသည်။
ဖေဖော်ဝါရီလ ၇ ရက် ည ၁၁ နာရီအချိန်ခန့်က ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ ဖိုးဖ မြို့နယ်၊ ချောင့်ခဲ့ကျေးရွာ၊ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းမောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးကို သက်ဆိုင်ရာက တားဆီးစစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားပေါ်တွင် မြဝတီဘက်သို့ တရားမဝင်ပို့ဆောင်မည့် စက်သုံးဆီများကို ထည့်ထားသည့် ပလပ်စတစ်ပုံး အလုံး ၂၀ ကိုတွေ့သောကြောင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း၊ မြန်မာနိုင်ငံသူ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။
ဖော်ထုတ်စစ်ဆေးချက်အရ အဆိုပါ စက်သုံးဆီများကို မြန်မာနိုင်ငံ၊ မြဝတီဘက်သို့ ပြန်လည်ရောင်းချရန် မဲဆောက်မြို့နယ်၊ မယ်ကုကျေးရွာရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှ ဝယ်ယူလာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသောကြောင့် ယခုအခါဖိုးဖမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။
Credit - Myanmar Transparency News Agency
#သတင်းဟင်းလေးအိုးကြီး



