12 w - Translate - Facebook

Microsoft Windows နဲ့ Office ကို Activate လုပ်နည်း
Activate ဘာကြောင့်လုပ်ဖို့လိုလဲ?
Microsoft Windows နဲ့ Office က အမှန်တကယ် License နဲ့ ဝယ်ရတဲ့ Operating System နဲ့ Software တွေဖြစ်ပါတယ်။ Windows 10 Pro ရဲ့ License ဈေးက ၁၉၉.၉၉ ဒေါ်လာဖြစ်ပြီးတော့ Office 2016 Pro Plus က ၃၉၉.၉၉ ဒေါ်လာဆိုပြီးဈေးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် လူတော်တော်များများ Windows နဲ့ Office ကို Function တွေအပြည့်အစုံသုံးလို့ရအောင် Activator နဲ့ Activate လုပ်ပြီးသုံးကြပါတယ်။ Activate မလုပ်ရင်တော့ တစ်ချို့ Function တွေအသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ပြီးတော့ Windows 7 မှာဆို Screen အနက်ရောင်နဲ့ This Copy of Windows Is Not Genuine စသဖြင့်ပေါ်လာပြီး Wallpaper အနက်ဖြစ်သွားတာ၊ Windows 8.1 နဲ့ 10 မှာဆို Activate Windows now, Windows will be expired soon စသဖြင့်ပေါ်လာတာ၊ Office မှာဆို Product Activation Fail စသဖြင့်အနီရောင် ဘောင်ဖြစ်နေတာ၊ Office 2013, 2016 တွေမှာဆို စာပဲဖတ်လို့ရပြီး စာရိုက်မရ၊ စာပြင်မရ ဖြစ်နေပြီဆိုရင်တော့ Windows ဒါမှမဟုတ် Office ကို Activate လုပ်ကိုလုပ်သင့်ပါပြီ။
Windows နဲ့ Office ကို Activate ဘယ်လိုလုပ်မလဲ?
၁။ အောက်ကပေးထားတဲ့ Link ကနေ Microsoft Windows and Office Activator ဆိုတာကို Download ဆွဲပေးပါ။
Download Link: Microsoft Windows and Office Activator ကို Download ဆွဲပါ။
Link - https://1drv.ms/u/s!AvYioJ4tdx....3FoHsgflhCv8QH4Ftx?e
၂။ Antivirus နဲ့ Internet ကို ပိတ်ထားပေးပါ။ (Antivirus ပိတ်နည်းမသိရင် Link ထဲက Post မှာဖတ်လို့ရပါတယ်။ https://www.facebook.com/itwor....kshop.../posts/14627
၃။ Download ဆွဲထားတဲ့ File ကို Right Click နှိပ်ပြီး Extract ဖြည်ပေးပါ။ Password တောင်းရင် itworkshop လို့ရိုက်ပေးပါ။ Extract ဖြည်ပြီးထွက်လာတဲ့ Folder ထဲက Re-LoaderByR@1n ဆိုတာကို Double Click နှိပ်ပြီး Run ပေးပါ။ *အဝါရောင်ခေါင်းစည်းနဲ့ Box တက်လာခဲ့ရင် Yes နှိပ်ပေးပါ။*
(WinRAR File ကို Extract ဖြည်နည်းမသိရင် Link ထဲက Post မှာဖတ်လို့ရပါတယ်။ Link - https://www.facebook.com/itwor....kshop.../posts/14314
၃။ Box ကျလာရင် Accept ကိုနှိပ်ပါ။ ပြီးရင် ကိုယ် Activate လုပ်ချင်တဲ့ Product (Windows, Office 10,13,16 စသဖြင့်) ကို အမှန်ခြစ် ရွေးပါ။ (License Windows ဆိုရင်တော့ Windows က Activate တောင်းမှာမဟုတ်တဲ့အတွက် Windows (Win) နေရာမှာ အမှန်ခြစ် မရွေးပါနဲ့)
၄။ Active ကိုနှိပ်ပြီးရင် (၃) မိနစ်လောက်ခဏစောင့်ပါ။ ကိုယ် Activate လုပ်ချင်တဲ့ Product တွေနေရာမှာ အစိမ်းရောင်အမှန်ခြစ်လေးပေါ်လာရင် အဆင်ပြေပါပြီ။ တစ်ခါတစ်လေ Windows ကို Activate လုပ်တဲ့ခါ အဝါရောင်ပေါ်ရင်တော့ စက်ကို Restart ချပေးရပါမယ်။
Activate လုပ်လို့ရတဲ့ Microsoft Product များ
Win - Windows
O16 - Office 2016
O15 - Office 2013
O14 - Office 2010
အားလုံးအဆင်ပြေကြပါစေ။