12 ပတ် - ဘာသာပြန်ပါ။

Windows 10 Desktop မှာ Screenshot ရိုက်နည်း ၃ မျိုး
================
Screenshot ရိုက်တာက Computer စသုံးသုံးခြင်း လုပ်ငန်းဝင်စဝန်ထမ်းတွေ အချိန်မကြာသင့်ပဲ ကြာနေတတ်တဲ့ နေရာပါ။ ခက်လားဆိုတော့လဲမခက်ပါဖူး။ ကျွန်တော်ပြောပြပါ့မယ်။
........
ပထမဆုံး ရိုက်နည်းကတော့ Windows + PrtSc (Print Screen) ကိုနှိပ်လိုက်ရုံနဲ့သူ့ဟာသူရိုက်သွားမှာပါ။
ရို်က်ထားတဲ့ Screenshot တွေကို Pictures ထဲက Screenshot file မှာအလိုလို save သွားပါလိမ့်မယ်။
........
ဒုတိယနည်းကတော့ PrtSc ပဲနှိပ်ပြီး ကိုယ်ပို့ချင်တဲ့လူရဲ့ Chatbox မှာ Ctrl + V(Paste) သွားနှိပ်တာပါပဲ။
ဒါက Screenshot ကို အလိုလို save တာမျိုးမလုပ်တော့ပဲနဲ့ ကိုယ်ပို့ချင်တဲ့လူဆီကိုပဲပို့လို့ရတဲ့အကွက်ပါ။
........
တတိယနည်းကတော့ Admin အကြိုက်ဆုံးပါ။ Windows + Shift + S နှိပ်ပြီး ရိုက်တာပါပဲ။
တစ်ခါတလေကျရင် screen တစ်ခု့လုံးကို ပြချင်တာမျိုးမဟုတ်ပဲ windows တစ်ခု့ အစိတ်အပိုင်းတစ်ခု့ကိုပဲ ယူပြီး သူငယ်ချင်း/အလုပ်ဖော် ဆီ အလွယ်တူမြန်မြန်လေး ပို့ပေးချင်တဲ့အခါ Windows + Shift + S နှိပ်ပါတယ်၊ ပြီးတာနဲ့ ပို့ချင်တဲ့ အပိုင်းလေးတစ်ဖြတ် select လုပ်လိုက်ပြီးတော့ ပို့မဲ့ Chatbox မှာ Ctrl + V (Paste) လိုက်ပါတယ်။

image