ရေသန့်လုပ်ငန်းများအတွက် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေ

ဖေဖော်ဝါရီ ၇

​ရေသန့်လုပ်ငန်းများအတွက် ကုန်ကြမ်းများဖြစ်သော‌ ရေသန့်စစ်ဇကာ(filter)များဈေးမြင့်လာသည့်အပြင် မီးပျက်ချိန်ကြာရှည်မှုကြောင့် ရေသန့်လုပ်ငန်းများအခက်အခဲဖြစ်ပေါ်နေ‌ကြောင်း မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ ရေသန့်စစ်ဇကာများသည် ယခင်ကအမျိုးအစားအလိုက် တစ်သိန်းဝန်းကျင်ခန့်သာရှိသော်လည်း လက်ရှိကာလတွင်သုံးသိန်းအထက်ပေါက်ဈေးဖြစ်ပေါ်နေကြောင်း သိရသည်။

“ရေသန့်စက်ရုံသုံးပစ္စည်းတွေ အကုန်ဈေးတက်နေချိန်မှာ မီးကလည်းမမှန်တော့ပိုဆိုးတာပေါ့၊နောက်ဆုံးကုန်ချောဖြစ်တဲ့ရေသန့်ဘူးကြီး (၂၀)လီတာကို ငွေတစ်ထောင်အောက်ဘဲဈေးရတော့ စက်ရုံတွေအတွက်ရပ်တည်ဖို့ခက်လာပါတယ်”ဟု မြန်မာနိုင်ငံရေသန့်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် လျှပ်စစ်မီးမီတာခများကြီးမြင့်လာခြင်း၊ ရေသန့်ဘူးခွံများဈေးမြင့်တက်လာခြင်းများလည်းရှိကြောင်း သိရသည်။ ရန်ကုန်အပါအဝင်မြို့ကြီးများတွင် ရေသန့်ဘူးသုံးစွဲမှု နှစ်စဉ်မြင့်တက်လာပြီး ရေသန့်လုပ်ငန်းနှင့်ဆက်စပ်သော ကုန်စည်များသည်လည်းနိုင်ငံခြားမှတင်သွင်းမှု နှစ်စဉ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image