ချဲလ်ဆီးအသင်းဘယ်နောက်ခံကစားသမား မာ့ခ်ကူကူရယ်လာက နီကိုလပ်စ်ဂျက်ခ်ဆန်လိုအသင်းဖော်အတွက်ကာကွယ်ထုတ်ဖော်ပြောဆိုလိုက်ပြီး ဂိုးသွင်းယူနိုင်ဖို့အတွက်အသင်းကိုပိုကူညီပေးနိုင်တယ်လို့ထောက်ပြပြောဆိုလိုက်ပါတယ်။

ဆီနီဂေါတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက သွင်းဂိုးမသွင်းယူနိုင်သေးဘဲ ဒီရာသီကာလမှာလည်း ပြိုင်ပွဲစုံ ၂၄ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၉ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့်ကာယကံရှင်အနေနဲ့ပြီးခဲ့တဲ့ကာလမှာဝေဖန်မှုအနည်းအများကိုတော့ခံနေရတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့တိုက်စစ်မှူးတိုင်းအတွက်တော့ ဂိုးသွင်းယူဖို့ဆိုတာအရေးပါပါတယ်။ဒါပေမဲ့ နီကိုလပ်စ်အတွက်တော့ဒီဟာက ဂိုးသွင်းဖို့ပဲ့မဟုတ်ဘဲ သူ့အနေနဲ့အသင်းအတွက်အရမ်းကိုပေးဆပ်ကစားခဲ့တာဖြစ်ပါတယ်။

အသင်းဖိအားပေးကစားဖို့အတွက်သူကူညီပေးပြီး အသင်းအတွက်အကူညီဖြစ်ဖို့အတွက်အများကြီးလှုပ်ရှားတာဟာ အရမ်းကောင်းမွန်တဲ့အရာဖြစ်ပါတယ်။လူတိုင်းခက်ခဲတဲ့အချိန်ကာလကိုကြုံတွေ့ကြရမှာဖြစ်ပါမယ်။ဒါပေမဲ့ အရေးကြီးတဲ့အရာကတော့ ငါတို့အနေနဲ့ သူ့ကိုဒီလိုကာလတွေမှာအားပေးထောက်ခံရမှာပါ။

သူ့အနေနဲ့ပိုကောင်းအောင်ကစားလာနိုင်ပြီး တကယ်လို့ဒီလိုမျိုးအခွင့်အရေးတွေဆက်ရရှိနေဦးမယ်ဆိုရင်တော့ သူ့အနေနဲ့သေချာပေါက်သွင်းဂိုးတွေရယူလာနိုင်ပါလိမ့်မယ်လို့ ကူကူရယ်လာကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစဥ်

image