12 ပတ် - ဘာသာပြန်ပါ။

Honda Passport ဆိုတာ CR-V လို compact SUV လည်းမကျ၊ Pilot လိုလည်း 3-row မဟုတ်တဲ့ 2-row, 5-seater Midsize SUV တစ်စီးလို့ ပြောရမယ်။ ဒီနေရာမှာ Midsize SUV လို့ပြောလိုက်လို့ Everest တို့ Pajero Sport တို့ရဲ့ direct rival ဆိုပြီး အထင်မမှားစေချင်ဘူး။ အကြောင်းကတော့ Passport က Unibody ဖြစ်ပြီး Everest တို့က Body-on-frame ဖြစ်လို့ပါ။ ဒါ့ကြောင့် Passport ကို crossover-based SUV တစ်စီးလို့ ပြောလို့ရသလို သူ့ရဲ့ပြိုင်ဖက်တွေကလည်း Hyundai Santa Fe တို့ Chevrolet Blazer တို့ ဖြစ်ပါလိမ့်မယ်။
ဆက်ရရင် Honda Passport က North America စျေးကွက်ကိုသာ အဓိကရောင်းချတယ်ဗျ။ on-road အတွက်သာ အသားပေးတယ်ဆိုပေမယ့်လို့ AWD ဖြစ်တဲ့အတွက် off-road နဲ့ပတ်သက်တဲ့ outdoor activities လေးတွေပါ အနည်းအကျဥ်းလုပ်လို့ရမယ့် ကားတစ်စီးလို့ပြောရမယ်။
ဆိုတော့ မနေ့ကပဲ Honda Passport ရဲ့ စတုတ္ထမြောက်မျိုးဆက်အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ကားရဲ့ Body Language နဲ့ပတ်သက်ပြီး အတော်လေး redesign လုပ်လာသလို ယခင်ထက် ပိုပြီး boxy ဖြစ်လာတဲ့ပုံစံကိုတော့ သဘောကျမိသား။ အထူးသဖြင့် အောက်ကပုံထဲက TrailSport Trim ဆို 31-inch တာယာနဲ့ဆိုတော့ ပိုပြီးခက်ထန်ကြမ်းတမ်းတဲ့ vibe မျိုးတော့ ခံစားမိတယ်ဗျ။
Highlander နဲ့ အခြား competitors တွေ 4-Cyl နဲ့ပဲ အသက်ဆက်နေချိန် Passport မှာ ယခင်အတိုင်း 3.5L V6 ကို ဆက်သုံးပေးထားတာကတော့ ကျေနပ်စရာပဲ။ ယခင်ကထက် 5 hp ပိုတက်လာပြီး 285 hp သာ ထွက်တယ်ဆိုပေမယ့် Santa Fe ရဲ့ Hybrid Powertrain ထက်တော့ ပိုများသေးတယ်လို့ပဲ ဆိုရမယ်။ Total Torque အနေနဲ့တော့ 262 lb-ft ထွက်မှာဖြစ်ပြီး Transmission ကိုလည်း ယခင် 9-Speed ကနေ 10-Speed ကို ပြောင်းပေးလိုက်တယ်ဆိုတော့ Fuel Efficiency နဲ့ Power Delivery ပိုင်းမှာ တိုးတက်လာအုံးမယ်လို့ မြင်မိပါရဲ့။
2026 Honda Passport ရဲ့ MSRP တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ခင်ဗျာ
RTL - $45,000 (est)
TrailSport - $47,000 (est)
TrailSport Elite - $51,000 (est)

image