ကန်၏ ဒေါ်လာ ၁၇၅ ဘီလျံမှ ဒေါ်လာ ၇၆ ဘီလျံသာရဟု ဇာလန်းစကီးပြော

ဖေဖော်ဝါရီ ၅

ယူကရိန်းသည် အမေရိကန်ထံမှ အကူအညီ ဒေါ်လာ ၇၆ ဘီလျံသာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (volodymyr zelenskyy) က ပြောကြားခဲ့သည်။

ထို့ကြောင့် အမေရိကန်၏ အကူအညီ ၂၀၀ ဘီလျံ ရှိခဲ့သည်ဆိုသည့် သတင်းများနှင့် ကွဲလွဲနေသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် (J.D Vance) တို့ကမူ ကျန်သည့်ငွေများ မည်သည့်နေရာသို့ ရောက်သွားသနည်းဟု မေးခွန်းထုတ်နေကြပြီး ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြရန် တိုက်တွန်းနေကြသည်။

၂၀၂၂ ခုနှစ်ကတည်းက အမေရိကန်လွှတ်တော်သည် ဒေါ်လာ ၁၇၅ ဘီလျံကို ခွင့်ပြုပေးခဲ့ပြီး ထိုငွေများထဲမှ အများစုသည် အမေရိကန်စက်မှုလုပ်ငန်းများကို အကျိုးရှိစေခဲ့သည်။

စစ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စေ့စေ့စပ်စပ် စိစစ်မှုများ မြင့်တက်နေမှုနှင့် အတူ အမေရိကန်၏ ယူကရိန်းအကူအညီများ မြင့်တက်နေမှုအပေါ် ငြင်းခုံမှုများ ထွက်ပေါ်နေကြသည်။

ဇာလန်းစကီး ပြောသလိုဆိုပါက ကျန်သည့် ထောက်ပံ့ငွေများ ဘယ်ရောက်သွားသနည်းဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

ပုံ - ဇာလန်းစကီးနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

#centralnewsnaypyitaw

image