13 w - Translate

မစ်ဒယ်ဝိတ်တန်းမှာ အောင်မြင်မလား
Michael Venom Page နဲ့ Sharabutdin Magomedov တို့က မစ်ဒယ်ဝိတ်တန်းမှာ ကစားကြမယ်ဆိုတော့ ဗြိတိန်ကွန်ဖူးမင်းသားအတွက် စိတ်ပူမိတယ်။ ရင်ဆိုင်ရမယ့် ဖိုက်တာက ဒါဂတ်စတန်ငကြမ်း Sharabutdin Magomedov လေ။ ရှုံးပွဲရှိသေးတာလည်း မဟုတ်ဘူး။
တကယ်တမ်းကျတော့ Michael Venom Page က ထင်ထားတာထက် ပိုကောင်းနေတယ်။ ဝိတ်တန်းတက်ထိုးပေမယ့် သွက်လက်ချက်ပဲ။ မစ်ဒယ်ဝိတ်တန်းလို့ မယုံကြည်နိုင်လောက်အောင် သွက်လက်လျင်မြန်နေတယ်။ Sharabutdin Magomedov က Michael Venom Page ရဲ့ အမြန်နှုန်းကို လိုက်မမီပါဘူး။ (၁၅) မိနစ်လုံးမှာ ရုန်းကန်ရတယ်။ တတိယအချီမှာ နည်းနည်းပိုကောင်းလာပေမယ့် ဆေးမမီဘဲ အရှုံးပေးလိုက်ရတယ်။
တကယ်ဆိုရင် Michael Venom Page က မစ်ဒယ်ဝိတ်တန်းမှာ ကစားဖူးတယ်။ ဒါကလည်း ဟိုးလွန်ခဲ့တဲ့ (၁၂) နှစ်လောက်တုန်းက ထိုးဖူးတာပါ။ နောက်ပိုင်းမှာ ဝယ်တာဝိတ်တန်းမှာပဲ ကစားပြီး နာမည်ကြီးလာတာပါ။ UFC အဖွဲ့အစည်းရဲ့ ဝယ်တာဝိတ်တန်းမှာ နပန်းသမားတွေ များနေတယ်။ အစောပိုင်းမှာ Michael Venom Page က Kevin Holland ကိုနိုင်ပေမယ့် Ian Garry ကို ရှုံးပြန်တယ်။
Ian Garry ရဲ့ Ground Game က ထိပ်တန်းအဆင့်မဟုတ်တာတောင် Michael Venom Page က မကျော်နိုင်ပါဘူး။ ကိုယ့်အခြေအနေကို ကိုယ်သိတယ်ထင်တယ်။ မစ်ဒယ်ဝိတ်တန်းကို ပြောင်းလာလိုက်တယ်။ မစ်ဒယ်ဝိတ်တန်းမှာ Striker တွေများတယ်လေ။ Sharabutdin Magomedov ကိုနိုင်ပြီး တာထွက်လှသွားပါပြီ။

image