မန်ချက်စတာယူနိုက်တက်အသင်းဆီကနေအက်စတွန်ဗီလာအသင်းဆီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပြီးနောက်မှာတော့ ပို့စ်တင်ရေးသားဖွင့်ဟလာခဲ့ပါတယ်။

အဂ်လန်လက်ရွေးစင်တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အက်စတွန်ဗီလာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခွင့်အပါအဝင် ရာသီကုန်အထိအငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီးနောက် ကာယကံရှင်က သရဲနီအသင်းမှာ ၁၂ ပွဲဆက်တိုက်မကစားခဲ့ရခဲ့တဲ့နောက်မှာတော့ ဘောလုံးပြန်လည်ကစားချင်တာကြောင့်အကြောင်းအရင်းကိုဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ကျနော်မန်ချက်စတာယူနိုက်တက်အသင်းကိုကျေးဇူးတင်ပြီးတော့အက်စတွန်ဗီလာအသင်းကိုလည်းဒီတကြိမ်အငှားပြောင်းရွှေ့မှုဖြစ်ပေါ်လာအောင်လုပ်ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ကျနော့်မှာကံကောင်းစွာနဲ့ပဲ့ချိတ်ဆက်လာတဲ့ကလပ်အသင်း ၂-၃ သင်းလောက်ရှိပေမဲ့အက်စတွန်ဗီလာအသင်းဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်ချခဲ့တဲ့အသင်းဖြစ်ပါတယ်။ဒီရာသီမှာအက်စတွန်ဗီလာအသင်းကစားတဲ့ပုံစံကိုကျနော်နှစ်သက်မှုရှိပြီး နည်းပြရဲ့အာရုံစူးစိုက်မှုကိုနှစ်သက်ပါတယ်။

ကျနော့်အနေနဲ့ဘောလုံးပဲ့ကစားချင်ပြီးနောက်တကြိမ်ပြန်လည်စတင်ဖို့စိတ်လှုပ်ရှားနေပါတယ်။
ကျန်ရှိတဲ့ရာသီကာလတလျှောက်လုံး မန်ချက်စတာယူနိုက်တက်အသင်းကလူတွေအားလုံးကံကောင်းပါစေဆိုတာကျနော်ဆုတောင်းပေးပါတယ်လို့ ရက်ရှ်ဖို့ဒ်ကပြောဆိုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၂၆ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁၃၈ ဂိုးသွင်းပြီး ၆၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းအနေနဲ့ ဒီတကြိမ်အငှားခေါ်ယူရာမှာတော့ရက်ရှ်ဖို့ဒ်ရဲ့လုပ်ခလစာ ၇၅ ရာခိုင်နှုန်းကိုတာဝန်ယူရမှာလည်းဖြစ်ပါတယ်။

#ဘောလုံးသတင်းစုံ

image