#စက္ကူပန်းလေးတွေကိုပဲဆက်ချစ်နေပေးပါ
"ရနံ့မရွေးဘူးဆိုရင်တော့...
သစ်ခွပန်း၊ သဇင်ပန်းတို့လို့ မွှေးပျံ့တဲ့ရနံ့မရှိဘဲတန်ဖိုးမြှင့်မားတဲ့ပန်းအပြင်
သစ်ခွ၊သဇင်တို့နဲ့အပြိုင် အရောင်အသွေးအစမ်းနဲ့တစ်မူကွဲပြားခွဲထွက်နေတဲ့
စက္ကူပန်းလေးတွေကိုလည်း ခင်းဗျားတို့ချစ်လို့ရပါတယ်။"
တကယ်က ကျွန်တော်လည်းသိနေတာပဲလေ စက္ကူပန်းလေးတွေကိုချစ်ပေမယ့်
ဘယ်သူမှတော့ ခေါင်းပေါ်မပန်ချင်ကြဘူးမဟုတ်လား။
ချစ်တယ်ဆိုတဲ့ အနေထားဟာ ဟိုးအဝေးက တောင်တန်းပြာတွေကို ချစ်သလိုမျိုး
စိမ်းမြမြမြက်ခင်းကျယ်တစ်ခုကို ချစ်သလိုမျိုး...
ပုံစံမျိုးစုံနဲ့ လွှင့်မျောနေတဲ့ အဖြူရောင်တိမ်တိုက်တွေကို သဘောကျနှစ်သက်သလိုမျိုး
သူ့သဘာဝ သူ့အရှိတရား သူ့အလှတရားတွေကိုပဲ ချစ်တာပါ။
နောက်ပြီး......
တောင်တန်းတွေကို တောင်ခြေကကြည့်တာထပ် အဝေးပြေးလမ်းမပေါ်တွေကနေ
ကြည့်ရတာဟာ အင်မတန်မှကို နှစ်လိုဖွယ်ကောင်းလှတယ်။
ဘာလို့ဆို တစ်ချို့သောအရာတွေဟာ တကယ်နီးစပ်နေဖို့လောက်ထိမှမလိုတာ။
#aungsitt
