13 w - Translate

Serum တဗူး ဝယ်ရမလား?
ဒီ Daily Sheet mask Box ဝယ်ရမလား? ဆိုရင် Nyi ဒီ Sheet mask Box လေးကို ပိုညွှန်းပါတယ်🌱🌸

Nyi က Sheet mask တွေ ကပ်ရတာ မကြိုက်မှန်း ဟိုးအရင် page စဖွင့်ခါစထဲက အမြဲပြောနေကျပါ။ Sheet mask တချပ် 4,5ထောင်ပေးပြီး ကပ်လိုက် ကြားထဲပျက်လတ်သွားလိုက် လုပ်မယ့်အစား Serum တဗူးဝယ်သုံးတာက ရေရှည်အတွက်ရော အသားအရေအတွက်ပါ အများကြီးပိုကောင်းလိမ့်မယ်လို့ပေါ့နော်။ ခုထက်ထိလဲ အဲ့လိုမျိုးခံယူထားဆဲပဲ။ Sheet mask တွေ စျေးပိုပြီးကြီးလာတယ်၊ Serum တွေဆိုလဲ တဗူးကို 5သောင်း 6သောင်းဖြစ်လာတယ်။ ဒါကြောင့် Nyi က ကောင်းနိုးရာရာလေးတွေ လိုက်သုံးကြည့်ရင်း ဒီ Hidden gems လေး 2ခုကို တွေ့တာပါပဲ။

ma:nyo က ထုတ်တဲ့ Thanks Berry Everyday Mask တဲ့။ ကိုယ်တွေရင်းနှီးကြတဲ့ Daily Sheet mask Box ပုံစံလေး။ ထူးခြားချက်က 100% Vegan🌱 ဖြစ်အောင် ပြုလုပ်ထားတာပါ။ Packaging လေးကလဲ ချစ်ဖို့ကောင်းပြီး အမြင်ဆန်းတယ် သုံးချင်စဖွယ်ဖြစ်ပါတယ်။ 2ခုလုံးမှာ Berry Extracts တွေ အဓိကပါဝင်ပြီး အစိမ်းလေးမှာ Green tea, ပန်းရောင်လေးမှာ Darjeeling tea ဆိုပြီး main ingredient အနေနဲ့ တွေ့ရတယ်ပေါ့နော်။ နောက်ထပ် 2ခုလုံးမှာ Sodium hyaluronate နဲ့ Glycerin ပါဝင်ပြီး Alcohol, Essential oil free ဖြစ်တယ်။ Fragrance ကိုတော့ last ingredient အနေနဲ့ မြင်ရပါတယ်။

သုံးရတဲ့ခံစားချက်မှာ Nyi က Packaging ရဲ့ ကျစ်လစ်မှု သေသပ်မှုကို သဘောကျပါတယ်။ အလေအလွင့် အဖိတ်အစင်မရှိဘဲ အသုံးပြုရတာ အဆင်ပြေတယ်။ အနံ့လေးတွေကလဲ ချစ်စရာ သင်းသင်းပျံ့ပျံ့လေးနဲ့ စိတ်ကိုလန်းဆန်းစေပါတယ်။ အစိမ်းလေးက Green tea နံ့စစ်စစ်ကို ရတယ်။ ပန်းရနံ့ အသီးရနံ့တွေ မကြိုက်တဲ့သူတွေ သဘောကျမယ်လို့ Nyi ထင်ပါတယ်။ ပန်းရောင်လေးကတော့ Tea နံ့ကို ပန်းရနံ့လေးတွေနဲ့ ရောစပ်ထားသလို ချိုဖန့်ဖန့်နဲ့ ဘိုဆန်တဲ့ရနံ့မျိုး။ အနံ့တွေ overpowering ဖြစ်မနေတာကို Nyi အရမ်းသဘောကျပါတယ်။

ဗူးအတွင်းမှာလဲ serum တွေကို ရွှဲနင့်နေရောပဲ။ Sheet mask တချပ်ချင်းစီ ဝယ်သလောက်တော့ အရည်တွေအရမ်းများမနေဘူးပေါ့နော်။ ဒါပေမဲ့လဲ သူ့တချပ်ကို ညှပ်လေးနဲ့ယူလိုက်ရင် ပုံထဲကလို serum တွေနဲ့ fully soaked ဖြစ်နေရော။ Nyi သုံးရသလောက် serum တွေကလဲ high quality ဖြစ်တယ်လို့ ခံစားရပါတယ်။ Very hydrating, Very soothing, Very relaxing လို့ ဆိုပါရစေ။ Serum ရဲ့ texture lightweight ဖြစ်မှု၊ စိမ့်ဝင်မြန်မှုကိုလဲ ချီးကျူးရပါမယ်။ ထပ်ပြီးကြွေမိတာက ကိုယ်လိုမျက်နှာကြီးတဲ့သူနဲ့တောင် သူ့ရဲ့ sheet mask က သေးနေတာမျိုးမရှိဘူး။ မျက်နှာပေါ်မှာ သက်သောင့်သက်သာနဲ့ အံကိုက်ဖြစ်နေရော။

10min ကပ်ပြီးသွားရင်လဲ မျက်နှာက ရေဓာတ်ပြည့်ပြီး ပြောင်တင်းကျန်ရစ်ခဲ့တယ်။ Nyi ကတော့ သူ့ကပ်ပြီးရင် serum ထပ်မလိမ်းတော့ပါဘူး။ အပေါ်ကနေ moisturizer လေးပဲ လိမ်းပေးလိုက်တယ်။ ဒီ ma:nyo Thanks Berry Everyday Mask ကနေ ရတဲ့အာနိသင်တွေဆိုရင် Hydrating, Calming, Soothing, Relaxing, Sebum control ဖြစ်တယ်လို့ Nyi တော့ ပြောချင်ပါတယ်။ Sheet mask Box တွေထဲ အဆီပြန် ဝက်ခြံအဆီဖုသမားကအစ သုံးလို့အဆင်ပြေတာတော့ သူ့ရဲ့အားသာချက်ပါ။

Overall အမြင်အရဆိုရင် Hydrating serum တဗူးနဲ့ စျေးချင်းအတူတူ ဒီ Sheet mask Box လေးကို တရက်ခြားတခါလောက် ကပ်တဲ့ result က Hydrating serum တဗူးကို နေ့တိုင်းလိမ်းတာထက် ပိုသိသာတဲ့ result ကို ရပါတယ်။ 2ရက်တကြိမ်ဆိုရင် တဗူးမှာ အချပ် 30 ပါတော့ 2လအသုံးခံပါလိမ့်မယ်နော်။ Budget လဲ save, Skin အတွက်လဲ ကောင်း, နွေရာသီရောက်လဲ သုံးလို့ရ ဆိုတော့ Nyi ကတော့ Highly recommend ပါလို့ အရမ်းကြိုက်ပါတယ်။ ခုဆို စျေးတွေလျှော့နေလို့ ပိုတောင်တန်သေးတယ်။

FYI >>> 15% discount ရှိလို့ ခုဝယ်မယ်ဆိုရင် 48000ks ကို 40800ks ပဲ ကျသင့်ပါမယ်ဗျ။

🛒 @KOCOS Myanmar

Disclaimer : Collab ē ma:nyo

#manyo #manyothanksberryeverydaymask #reviewbynyi #nyipick #nyipicksheetmask
#crd

image