*ဒီမိုကရေစီနိုင်ငံနှင့် လွတ်လပ်သော စာနယ်ဇင်းများ
ဒီမိုကရေစီနိုင်ငံများတွင် စာနယ်ဇင်းတို့သည် အစိုးရတို့၏ ထိန်းချုပ်မှုမှ ကင်းလွတ်ကြ၏။ အစိုးရတို့သည် ရွေးကောက်ပွဲသက်တမ်း တစ်ခုစာမျှစီ အုပ်ချုပ်ခွင့်ရကြ၍၊ ထိုကာလအတွက် ဖွဲ့စည်းမည့် အစိုးရအဖွဲ့များ၌ စာနယ်ဇင်းကို ထိန်းချုပ်သည့် ဝန်ကြီးဌာနမျိုး ပါဝင်လေ့မရှိပေ။ စာနယ်ဇင်း များတွင် ဖော်ပြမည့်အကြောင်းအရာကိုထိန်းချုပ်ခြင်း၊ စာနယ်ဇင်းသမားတို့၏ လုပ်ဆောင်မှုများနှင့် နောက်ကြောင်းရာဇဝင်များကို စုံစမ်းစစ်ဆေး၍ ကန့်သတ်မှုပြုခြင်း၊ စာနယ်ဇင်းသမားအား အစိုးရဩဇာခံ အဖွဲ့အစည်း များသို့ ဝင်ရောက်ရန် ဖိအားပေးခြင်း စသည်များကို ဒီမိုကရေစီအစိုးရတို့ ရှောင်ကြဉ်ကြသည်။