Part-4
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
ဟံသာဝတီသတင်းစာ မန္တလေးရောက်လာပြီးနောက်ပိုင်းမှာတော့ “ စနေစာပေဝိုင်း” စာတမ်းဖတ်ပွဲတွေလည်း ရောက်ဖြစ်ခဲ့သလို စနေညနေတိုင်း ကိုပညာ (အမရ ပူရ)ရဲ့ တောင်လေးလုံးကျောင်းမှာ -
ဆရာကြီး ဒေါက်တာသန်းထွန်းတို့၊ ဆရာဦးဝင်းတင်တို့၊ ဦးကြီးမောင် (ငွေဥ ဒေါင်း)တို့နဲ့ပါ တွေ့ ဆုံရင်းနှီးခဲ့ပါတယ်။
အဲဒီနောက်မှာ ဆရာဂျမ်းကစပြီး ဆရာစွမ်း၊ ဆရာနိုးတို့ ရန်ကုန်ရောက်သွား ကြတယ်။ မိမိလည်း ရဟန်းသုံးဝါလောက်နဲ့ တူမောင်းတိုက် စာချတိုက်အုပ် အလုပ် တာဝန်တွေများလာလို့ မတွေ့ ဖြစ်ကြတော့ပြန်ဘူး။ ဒကာမကြီးလူထုဒေါ်အမာ မွေးနေ့ပွဲမှာပဲ တစ်ခါတလေ ဆုံမိကြပါတော့တယ်။

# ဆက်ရန်ရှိ