13 ပတ် - ဘာသာပြန်ပါ။

ဝက်စ်ဟမ်းကို နိုင်ပြီးနောက် စီးတီးကို ကျော်တက်ကာ အဆင့်လေးထဲ ပြန်ဝင်လာတဲ့ ချဲလ်ဆီး 🔵

မနေ့ကကစားခဲ့တဲ့ Chelsea vs West Ham Premier League ပွဲစဉ်မှာတော့ Chelsea က West Ham United ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ဒီပွဲက ယခင်က Chelsea မန်နေဂျာ Graham Potter ရဲ့ West Ham ကိုယ်စားပြုပြီး သူ့အိမ်ကွင်းဟောင်းဖြစ်တဲ့ Stamford Bridge ကို ပြိုင်ဘက်အဖြစ်ပြန်လည်ရင်ဆိုင်လာခဲ့တာပါ။

ပွဲအစောပိုင်းမှာ Chelsea က ကစားပွဲကို လွှမ်းမိုးထားပြီး ဂိုးရနိုင်တဲ့အခြေအနေပေါင်းများစွာ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ပထမပိုင်းမကုန်ခင်မှာပဲ West Ham က ဂိုးရလိုက်ပါတယ်။ Chelsea ရဲ့ Levi Colwill ရဲ့ မှားယွင်းတဲ့ ပြန်ပေးတာကြောင့် Jarrod Bowen က ဘောလုံးကို ဖမ်းမိပြီး ဂိုးသမား Filip Jorgensen ကို ကျော်ဖြတ်ကာ ဧည့်သည်တွေကို ၁-၀ ဦးဆောင်သွားစေခဲ့ပါတယ်။
ဒုတိယတစ်ဝက်မှာ Chelsea က Pedro Neto ကို ထည့်သွင်းပြီး ၁၂ မိနစ်အကြာမှာပဲ သူကခြေပဂိုးပြန်လည်ရရှိအောင်စွမ်းဆောင် ပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပွဲရဲ့အရှိန်က Chelsea ဘက်ကို ပြောင်းသွားပြီး သူတို့က နောက်ထပ်ဂိုးတွေ ထပ်ရဖို့ ကြိုးစားခဲ့တယ်။ Cole Palmer ရဲ့ကန်လိုက်တဲ့ဘောလုံးဟာ West Ham ရဲ့ Aaron Wan-Bissaka ကို ထိပြီး လမ်းကြောင်းလွဲသွားတာကြောင့်ဂိုးဖြစ်သွားပြီး Chelsea ကို ၂-၁ နဲ့ ဦီးဆောင်စေခဲ့ပါတယ်။
West Ham က နောက်ဆုံးမိနစ်တွေမှာ ဂိုးတစ်လုံးပြန်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် Chelsea ရဲ့Defense က ခိုင်မာခဲ့ပြီး Tosin Adarabioyo ရဲ့ အရေးပါတဲ့ ပိတ်ဆို့မှုကြောင့် အနိုင်ကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီအနိုင်ကြောင့် Chelsea က Premier League ရဲ့ စတုတ္ထနေရာကို တက်လိုက်ပြီး ထိပ်လေးနေရာဝင်ဖို့ မျှော်လင့်ချက်တွေ ပိုမြင့်တက်လာခဲ့ပါတယ်။

image