ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ မြန်မာနိုင်ငံအရေး တွေ့ဆုံဆွေးနွေး

ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံအရေးအခြေအနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖွံ့ဖြိုးတိုးတက်မှုကိစ္စတို့နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂ ရက်က ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ်အန်ဝါက ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောကြားခဲ့ပါဘူး။ သူက သက်ဆင်နဲ့တွေ့ဆုံစဉ် မြန်မာနိုင်ငံအရေးအခြေအနေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဖွံ့ဖြိုးတိုးတက်မှုကိစ္စတို့ကိုသာ ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက ဆွေးနွေးမှုတွေက ထိရောက်တဲ့အကျိုးကျေးဇူးတွေလည်းရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲကို ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တာလို့ယုံကြည်ရပြီး နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း George Yeo လည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

သက်ဆင်ကို မလေးရှားဝန်ကြီးချုပ် အန်ဝါက သူ့ရဲ့ ကိုယ်ရေးအကြံပေးပုဂ္ဂိုလ်အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဒီနှစ်မှာ တာဝန်ယူဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။

Ref- Bangkok Post

#သတင်းဟင်းလေးအိုးကြီး

imageimage