ဘဝဟာ ရေတစ်ခွက်ဆိုရင်တောင်
ကိုယ်ထပ်ဖြည့်ချင်တဲ့ အရာက
ရောင့်ရဲတတ်တဲ့ စိတ်ဖြစ်ပြီး
လျှံကျချင်တဲ့အရာက မေတ္တာတရားပါ။

အဝေးကြီးက လရောင်မှ
လှတာ မဟုတ်ပါဘူး။

ကိုယ့်ရင်ထဲသာတဲ့ ကြယ်လေးတွေလည်း
ကျေနပ်ကြည်နူးတတ်တဲ့စိတ်နဲ့ဆို
တစ်ကိုယ်စာတော့ လင်းပါတယ်။

အများကြီးတော့
မျှော်လင့်မထားတာအမှန်ပါ။
မနက်ဖြန်ဆိုတာက
မတည်မြဲတတ်ဘူးလေ။

ပြောင်းလဲတတ်တဲ့အရာတွေကို
အလိုက်သင့် လက်ခံ

ပြိုလဲတတ်တဲ့ သဘောတွေကို
အပြုံးမပျက် စောင့်ကြည့်

ငြိတွယ်တတ်တဲ့ နှောင်ကြိုးတွေကို
ဖြည်းဖြည်းချင်း ဖြေလျှော့ရင်း

လောကဓံ အရိုက်အခတ်တွေကို
သတိရိုးတံလေးနဲ့ ပြန်ပြန်မတ်နေရတယ်။

နေဝင်ချိန်မှာ အတ္တကင်းကင်းနဲ့
ပျော်ရွင်သော ဘဝလေးကိုပဲ
ပိုင်ဆိုင်ထားချင်တယ်။

နောက်ဆုံးချိန်
ရနံ့သင်းသင်းနဲ့ ရိုးရိုးသားသားလေးနဲ့ပဲ
ဘဝကို ဖြတ်ကျော်သွားချင်တယ်။

(မူရင်းရေးသားသူအားလေးစားစွာဖြင့်)
#credit

image