စက်ရုပ် ခွေးနဲ့ ဒရုန်း တို့ရဲ့ မီးရှူးမီးပန်း တိုက်ပွဲ <br>========================== <br>စက်ရုပ်တွေရဲ့ တိုက်ပွဲကို သိပ္ပံ ရုပ်ရှင်တွေထဲမှာပဲ တွေ့မြင်ကြရပါတယ်။ အခုတော့ အပြင်မှာပါ တွေ့လာရပ
စက်ရုပ် ခွေးနဲ့ ဒရုန်း တို့ရဲ့ မီးရှူးမီးပန်း တိုက်ပွဲ
==========================
စက်ရုပ်တွေရဲ့ တိုက်ပွဲကို သိပ္ပံ ရုပ်ရှင်တွေထဲမှာပဲ တွေ့မြင်ကြရပါတယ်။ အခုတော့ အပြင်မှာပါ တွေ့လာရပါပြီ။
တရုတ် လူမှုကွန်ရက်မှာ စက်ရုပ် ခွေးနဲ့ ဒရုန်းတို့ဟာ မီးရှူးမီးပန်းတွေနဲ့ တိုက်ခိုက်နေကြတဲ့ ဗီဒီယိုဟာ နာမည်ကြီးနေပါတယ်။ ဒရုန်းရဲ့ Landing Gear နဲ့ စက်ရုပ် ခွေးရဲ့ ကျောမှာ မီးရှူးမီးပန်းတွေကို တပ်ဆင်ထားကြပါတယ်။
စက်ရုပ် ခွေးနဲ့ ဒရုန်းတို့ဟာ မီးရှူးမီးပန်းတွေနဲ့ အပြန်အလှန် တရစပ် ပစ်နေတာကို တွေ့ရပါတယ်။ ဒရုန်းက ရွေ့လျားပြီး တိုက်ခိုက်နေသလို စက်ရုပ် ခွေးကလည်း ဒရုန်း ရှိရာဘက်ကို လှည့်ပြီး တိုက်ခိုက်နေပါတယ်။ သူတို့ကို လူက ထိန်းချုပ်ထားတာလား၊ အလိုအလျှောက် တိုက်ခိုက်နေတာလားဆိုတာ မသိပါဘူး။ အဲဒီ ဗီဒီယို ရိုက်ကူးထားတဲ့ တည်နေရာကိုလည်း မဖော်ပြထားပါဘူး။
ဒီနေ့ခေတ် စစ်ပွဲတွေမှာတောင် ဒရုန်းတွေကို အသုံးပြုနေကြပါတယ်။ အနာဂတ် စစ်ပွဲတွေမှာ စက်ရုပ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ပါတယ်။