13 w - Translate

Squid Game 3 ကို ဇွန်လ ၂၇ ရက်မှာ Netflix မှ ကြည့်ရှုနိုင်မည်

ဖေဖော်ဝါရီ ၃

နာမည်ကျော် တောင်ကိုရီးယားဒရာမာ Squid Game ရဲ့နောက်ဆုံး Season ဖြစ်တဲ့ Season 3 ကို လာမယ့် ဇွန်လ ၂၇ ရက်မှာ Netflix မှ ပြသသွားမယ်လို့ ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။

Netflix ရဲ့ကြော်ငြာချက်နှင့်အတူ ထုတ်ပြန်လာတဲ့ ပိုစတာအသစ်မှာလည်း လိမ္မော်ရောင် ပန်းခင်းကြမ်းပြင် မှာ မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ အစောင့်တစ်ဦးက အသက်မဲ့ပြိုင်ပွဲဝင်တစ်ဦးကို ဒရွတ်တိုက် ဆွဲနေတဲ့ပုံ မြင်တွေ့ရ ပြီး "ခေါင်ရမ်းပန်းလေး ပွင့်တော့မည်" ဂိမ်းရဲ့ စက်ရုပ် ယောင်းဟီးကလည်း တွဲဖက်ယောကျ်ားစက်ရုပ် ယောင်းဆိုး ပါဝင်လာတာတွေ့ရပါတယ်။

ပိုစတာမှာ "Prepare for the final game.” လို့ ရေးသားထားပြီး ဇာတ်လိုက် ဂီဟွန်း ကိုလည်း လိပ်ထိပ်ခတ်ထားတဲ့ပုံနဲ့တွေ့မြင်ရပါတယ်။
သည်းထိတ်ရင်ဖိုအက်ရှင်စီးရီးဖြစ်တဲ့ Squid Game ဟာ ၂၀၂၁ ခုနှစ်က Season 1 နဲ့အတူ Netflix ရဲ့ ကမ္ဘာလုံးဆိုင်ရာတိုက်ရိုက်ကြည့်ရှုမှု အများဆုံး စီးရီးဖြစ်ခဲ့ပါတယ်။

ဒါအပြင် Squid Game Season 2 ကြောင့် လည်း Netflix ဟာ ဇာတ်ကားထွက်ပြီး စတုတ္ထသုံးလပတ်အတွင်း Subscribers ၁၉ သန်း စံချိန်တင် ထပ်တိုးခဲ့ပါ တယ်။ Season 3 မှာတော့ ဂိမ်းတွေကို ရပ်တန့်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဇာတ်ကောင် ဆောင်းဂီဟွန်းကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

#celecele

imageimage