Part-3
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
အဲဒီဟောပြောဖတ်ကြားနေစဉ်မှာပဲ သူ့ရဲ့ ကျောက်ဆောင်လိုခိုင်မာတဲ့ဟ မာကျောတဲ့အသံနဲ့ခိုင်မြဲတဲ့ခံယူချက်တို့ကို အကဲခတ်မိလိုက်ပါတယ်။ အဲဒီပွဲမှာ အမှတ်ထင်ထင်အဖြစ်ဆုံးကတော့-
ဆရာနိုးရဲ့ စာတမ်းထဲမှာ “ဒြပ်ထုထည်”ဆိုတဲ့ အသုံးအနှုန်းပါတယ်။ စာတမ် ဖတ်အပြီး မေးဖြေခန်းမှာ တက်ရောက်လာတဲ့ လူလတ်ပိုင်းပရိသတ်တစ်ဦးက-
“ဆရာတို့ပြောတော့ စာကိုလည်း စကားပြောသလိုရေးရမယ်လို့ဆိုပါတယ်။ ခုဆရာဖတ်သွားတဲ့စာထဲမှာ 'ဒြပ်ထုထည်’လို့ ဖတ်သံကြားရပါတယ်၊ ကျွန်တော်တို့ အရပ်စကားမှာ ‘ဒြပ်ထုထည်’လို့ မသုံးပါဘူး၊ ‘ဒယပ်ဒုဒယ်’လို့သာ သုံးကြပါတယ်” ဆိုတဲ့အကြောင်း စကားပြောဟန် အရေးအသားကို သရော်သလိုသဘောနဲ့ ထမေး ပါတယ်။
ဆရာဦးသာနိုး 'ကျောက်ဆောင်ကိုလေပြင်းတိုးခံရတဲ့အခါ ဖြစ်လာတဲ့ပုံတင် သံလိုရှူးရှူးရှဲရှဲဖြစ်ပြီး ထလာတယ်၊ ပြီးတော့-
“ခု ပြောင်းလဲတဲ့ရေးဟန်က စကားပြောသံအတိုင်းမဟုတ်ဘူး၊ စကားပြော ဟန်သာဖြစ်တယ်။ “ပြောသံနဲ့ ပြောဟန်'ကို ကွဲကွဲပြားပြား နားလည်ဖို့လိုတယ် ဆိုတဲ့အကြောင်း အတော်လေး မာရေကျောရေနဲ့ ဒေါမာန်ပါပါရှင်းပြပါတယ်။ တကယ့်ကျောက်ဆောင်လိုပါ။ နောက်တော့ ဆရာနိုး ဒေါသသံလွန်းတာကို ရပ်တန့် စေဖို့သဘာပတိကပဲ အေးအေးဆေးဆေး ရှင်းပြဖျန်ဖြေပေးလိုက်တယ် ထင်ပါတယ်။
အဲဒီစာတမ်းဖတ်ပွဲတွေကျေးဇူးနဲ့ပဲ မန္တလေးသက်ကြီးစာဆိုများဖြစ်တဲ့ ကျောက် စာဝန်ဦးမြတို့၊ ဆရာမြမျိုးလွင်တို့၊ ဆရာတော် ရွှေကိုင်းသားတို့ရဲ့ ဟောပြောမှုတွေ၊ စာတမ်းဖတ်ကြားမှုတွေကိုလည်း ကြားနာမှတ်သားခွင့်ရခဲ့ပါတယ်။
#ဆက်ရန်ရှိ