ကမ္ဘာပေါ်က အမြင့်ဆုံး အရပ်ဘက်လေဆိပ် (ဒေါင်ဂျန်ယာဒင်လေဆိပ်)
ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၁၁ မီတာ (၁၄၄၇၂ ပေ) အမြင့်မှာရှိတဲ့ ဒေါင်ချန်ယာဒင် (Daocheng Yading) လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအရပ်ဘက် လေဆိပ်ဖြစ်ပါတယ်။
တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှာ တည်ရှိပါတယ်။
ယခင်ကစံချိန်တင်ခဲ့တဲ့ ၄၃၃၄ မီတာ အမြင့်ရှိ တိဗက်ဒေသက ဘန်ဒါ လေဆိပ်ကို ကျော်ဖြတ်စံချိန်တင်ပြီး ရပ်တည်နိုင်ခဲ့တာပါ။
ဒီလေဆိပ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ပွဲဦးထွက် လေကြောင်းခရီးစဉ်ကတော့ Air China လေကြောင်းလိုင်းရဲ့ ခရီးစဉ် တစ်ခုဖြစ်ကာ ပြည်နယ်မြို့တော် ချန်ဒူးကနေ ထွက်ခွာခဲ့တာပါ။
ဒီ လေဆိပ်တည်ဆောက်ခဲ့တာကြောင့် ဒေါ့ချန်နဲ့ ချန်ဒူးအကြား ခရီးသွားလာချိန်ကို တစ်နာရီအထိ ဖြတ်တောက်လျှော့ချနိုင်ခဲ့ပါတယ်။
အရင်က ဘတ်စကားနဲ့ ၂ ရက်တာသွား လာရတဲ့ခရီးစဉ် ဖြစ်ပါတယ်။
