ဇရာကို ဘယ်လိုမှလွန်ဆန်လို့မရဘူးဆိုတာ ဒီပုံကသက်သေပါ...
အရင်က ရွှေထီးဘယ်လောက်ပဲဆောင်းခဲ့ ဆောင်းခဲ့ အချိန်တန်လာရင် ထီးနန်းလွှဲပေးရတာပဲ...
srael Adesanya က စွမ်းဆောင်ရည်ကျ၊ မကျမသေချာပေမယ့် (၃) ပွဲဆက်ရှုံးထားတာ အမှန်ပဲ။ အခုပွဲမှာလည်း ထိချက်အသာစီးထိုးထားနိုင်တယ်။ စန်းကျသွားတာ သေချာတယ်။ အစောပိုင်းမှာ အောက်ခြေကန်ပြီး အကွာအဝေးထိန်းထားတယ်။ Nassourdine Imavov က တစ်ချက်တစ်လေပဲ ပြန်ထိုးနိုင်တာပါ။ ဒုတိယအချီမှာ Israel Adesanya က ချွေးရွှဲနေပြီ။ Nassourdine Imavov က ပုံမှန်အတိုင်းပဲရှိသေးတယ်။ Israel Adesanya ရဲ့ လှုပ်ရှားမှုတွေက ပထမအချီလောက် မမြန်တော့ဘူး။ သိပ်မကြာခင်မှာပဲ Nassourdine Imavov ရဲ့ Right Overhand က တည့်တည့်ထိသွားတယ်။Nassourdine Imavov ရဲ့ ဘယ်ပင့်လက်သီးဆက်ထိတယ်။ Israel Adesanya က ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေတဲ့အချိန်မှာ Nassourdine Imavov က နှစ်ချက်သုံးချက်လောက် ဆင့်ထိုးနေတယ်။ ကြိုးဝိုင်းဒိုင် Marc Goddard က ပွဲရပ်လိုက်ပါတယ်။
