13 ပတ် - ဘာသာပြန်ပါ။

အာလူးသုပ်
ပြုလုပ်နည်းလေးကလဲမခက်တဲ့အပြင်ကျန်းမာရေးအတွက် တစ်ထောင့်တနေရာကနေအကျိုးပြုနေပြီး
အပျင်းပြေရေနွေးကြမ်းလေးနဲ့ဘဲသုံးဆောင်မလား ဟင်းပွဲတပွဲအဖြစ်နဲ့ဘဲသုံးဆောင်မလား အရမ်းအရသာရှိတဲ့အာလူးသုတ်နည်းလေးကို မျှဝေပေးပါမယ်ခင်ဗျ။

အာလူးကိုနူးအောင်ပြုတ်ပါ မပျော့အောင်ပြုတ်ပါဗျ
ပဲပင်ပေါက်ကိုရေနွေးဖျောပါ
ကြက်သွန်နီ ကိုပါးပါးလှီးထားပါ
ဂေါ်ဖီ မုန်လာဉနီတို့ကိုခြစ်ထားပါ
ပြီးလျှင်ပါဝင်ပစ္စည်းတွေထည့်ပါ
အရသာမှုန့် ငံပြာရည် ပဲမှုန့် ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူနီဆီချက် မကျီးရည် အနည်းငယ် သံပုရာသီးတစိတ်ညှစ်ပြီးနယ်ပါ လိုသလိုအရသပြင်ပြီးအရသာရှိစွာသုံးဆောင်နိုင်ပါပြီဗျ။
#as
#photo crd
#မြိန်မြိန်

image