13 w - Translate

ရီးရဲလ်တို့ အက်စ်ပန်ညိုကို ရှုံးပြီး အေတီကိုနဲ့ ဘာကာကို အခွင့်အရေးပေးလိုက်မိပါပြီ။ မထင်မှတ်ထားတဲ့ အရှုံးဖြစ်ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားနေတဲ့ အက်စ်ပန်ညိုကတော့ အဖိုးတန်နိုင်ပွဲကို ရသွားခဲ့တာပါ။ ဒီပွဲအရှုံးအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင် X အကောင့်ကတော့ ဒိုင်နဲ့ VAR ကို အပြစ်တင်သွားခဲ့ပါတယ်။
ဘတ်ပီကို အက်စ်ပန်ညိုကစားသမား နောက်ကနေ ဖျက်ထုတ်နေတဲ့ပုံနဲ့အတူ "ဒိုင်လူကြီးနဲ့ VAR ကြောင့် ရှုံးသွားပြီ" လို့ ရေးခဲ့တာပါ။ ဘတ်ပီကို နောက်ကဖျက်ထုတ်တာကို အနီမပြတာကို အပြစ်တင်ခဲ့သလို ဗင်နီရှပ်ဂိုးသွင်းခဲ့ပေမယ့် ဂိုးမသွင်းခင် ဘတ်ပီက ပြစ်ဒဏ်ဘောကျူးလွန်တယ်ဆိုပြီး VAR ပြန်ကြည့်ဆုံးဖြတ်ခဲ့တာကိုလည်း ရည်ရွယ်သွားခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲရှုံးလို့ အေတီကိုနဲ့ ၁မှတ်သာကွာတော့ပြီး ဘာကာလည်း ဒီညနိုင်ရင် ၄မှတ်ပဲ ကွာတော့မှာပါ။ လာလီဂါဖလားအတွက် ၃ သင်း အပြိုင်အဆိုင်ဖြစ်နေတာက အကြိတ်အနယ်ရှိလာပါတော့မယ်။ မှားတဲ့သူ ခံစတမ်းပါပဲ။ ဘာကာကတော့ သူတို့ရဲ့ ခါးသီးမြို့ခံပြိုင်ဘက်က ရီးရဲလ်ကို အနိုင်ကစားပေးသွားလို့ အချိုပေါ်သကာလောင်းသလိုပါ ဖြစ်နေလောက်ပါတယ်။

image