13 ပတ် - ဘာသာပြန်ပါ။

လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်ကဒီရာသီကာလမှာအပြောင်းအရွှေ့ကိစ္စလှုပ်ရှားမှုမရှိသလောက်ရှိခဲ့ပြိးနောက်လာမဲ့နွေရာသီကာလမှာတော့သေချာပေါက်ကစားသမားခေါ်ယူအားဖြည့်မယ်လို့အတည်ပြုပြောဆိုခဲ့ပါတယ်။

ကြိုးကြာနီအသင်းဟာ နယ်သာလန်သားနည်းပြအာလ်နေးစလော့ဒ်လက်အောက်မှာဒီရာသီကစားသမားခေါ်ယူမှုမရှိလုနီးပါးရှိခဲ့ပြီးဆောင်းရာသီကာလစျေးကွက်မှာလည်းမရှိခဲ့တာဖြစ်ပါတယ်။သူတို့အသင်းအနေနဲ့ပြီးခဲ့တဲ့နွေရာသီကာလတုန်းက ဖီဒရီဂို ချီယေဆာကိုသာခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကစားသမားခေါ်ယူမှုမရှိပေမဲ့လီဗာပူးလ်အသင်းအနေဲ့နည်းပြယာဂင်ကလော့ပ်ရဲ့လက်ထက်ကစားသမားအစုအဖွဲ့အတိုင်းလက်ရှိအချိန်အထိပုံစံကောင်းပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာချန်ပီယံဆုကိုအမြဲစိန်ခေါ်နိုင်တဲ့အသင်းဖြစ်သင့်ပါတယ်။ငါတို့အနေနဲ့ တချိန်လုံးအမြဲတမ်းယှဉ်ပြိုင်နေပါတယ်။

ကျနော့်အနေနဲ့ ကလပ်အသင်းရဲ့အဆင့်အတန်းကိုထိန်းသိမ်းထားနိုင်မယ်လို့မျှော်လင့်ပါတယ်။တခါတလေမှာတော့ကစားသမားစျေးကွက်နဲ့ပတ်သက်ပြီးမေးခွန်းတွေရှိပါလိမ့်မယ်။ဘာလို့လဲဆိုတော့ နွေရာသီကာလအပါအဝင်ဆောင်းရာသီကာလတွေမှာငါတို့ဘာတွေအများကြီးလုပ်ဆောင်ခဲ့လဲဆိုတာသူတို့မမြင်ခဲ့တာကြောင့်ပါ။

ဒီဟာကလည်း ဒီကိစ္စအကြောင်းအရာအတွက်အကြောင်းအရင်းပါပဲ့။ငါတို့မှာဒီလိုကောင်းမွန်တဲ့စုဖွဲ့မှုရှိထားပြီး ငါတို့အနေနဲ့ နွေရာသီကာလမှာတော့သေချာပေါက်အသင်းဆီခေါ်ယူအားဖြည့်ဖို့လုပ်ဆောင်နေတယ်ဆိုတာကျနော်သိပါတယ်လို့စလော့ဒ်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image