ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမားတီဘိုကော်တွိုက်စ်က သူ့ရဲ့အသင်းအနေနဲ့ရှေ့‌ဆက်တွေ့မဲ့ဘယ်အသင်းကိုမဆိုမကြောက်ဘူးလို့သူတို့အသင်းအနေနဲ့ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့်ကစားရမဲ့အဖြေကိုစောင့်ဆိုင်းနေစဉ်ကာလမှာ အတည်ပြု‌ပြောဆိုခဲ့ပါတယ်။

သူတို့အသင်းအနေနဲ့ကတော့ ၁၆သင်းရှုံးထွက်အဆင့်ကိုတက်လှမ်းလာမဲ့မန်စီးတီး သို့မဟုတ် ဆဲလ်တက်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ဘရက်စ်အသင်းကို ၃-၀ နဲ့အနိုင်ရခဲ့တာကြောင့်ရမှတ် ၁၅ မှတ်ရယူန်ုင်ခဲ့ကာအဆင့် ၁၁ နေရာမှာရပ်တည်နေပါတယ်။ဒီဟာကတော့သူတို့အသင်းအနေနဲ့ပလေးအော့ဖ်အဆင့်ကျော်ဖြတ်ခဲ့မယ်ဆိုရင်တော့ဘဘိုင်ယန်လေဗာကူဆင်အသင်းသို့မဟုတ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့တွေ့ဆုံရဖို့ရှိနေပါတယ်။

ကျနော်ပြောခဲ့ဖူးပါတယ်။ငါတို့ထိပ်ဆုံး ၈သင်းနေရာလွဲချော်မှာမဟုတ်ဘူးဆိုတာ။အရင်ပွဲတွေတုန်းကတော့ပလေးအော့ဖ်အဆင့်ကစားရသလိုဖြစ်ခဲ့ပေမဲ့ငါတို့ပြိုင်ဘက်ကဘယ်သူဖြစ်မလဲဆိုတာငါတို့တဖြေးဖြေးစောင့်ကြည့်ရပါမယ်။ဒါပေမဲ့ငါတို့ဘယ်သူ့မှမကြောက်ပါဘူးလို့ကော်တွိုက်စ်ကပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းနဲ့တွေ့ဆုံနိုင်ချေရှိတာနဲ့ပတ်သက်ပြီး ငါတို့ပြီးခဲ့နှစ်ရှုံးထွက်အဆင့်မှာလည်းသူတို့ယှဉ်ပြိုင်ဖူးခဲ့ပြီးပါပြီ။ပြီးခဲ့တဲ့ ၂ နှစ် ၊၃ နှစ်ကရောပါပဲ့။တကယ်မင်းအနေနဲ့ချန်ပီယံဖြစ်ချင်တယ်ဆိုရင်တော့မင်းအနေနဲ့အကောင်းဆုံးအသင်းတွေကိုအနိုင်ရယူရပါမယ်လို့ကော်တွိုက်စ်ကပြောဆိုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ပြီးခဲ့တဲ့ ၃ ရာသီတာကာလပတ်လုံးချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာတွေ့ဆုံဖူးခဲ့တဲ့မှတ်တမ်းရှိခဲ့ပြီး သူတို့အသင်းအနေနဲ့ ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်တွေမှာအဂ်လန်အသင်းကိုအုပ်စုကနေထွင်ခွာစေခဲ့ကာ အဲဒီနှစ်တွေမှာတော့ချန်ပီယံရယူနိုင်ခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image